8 Episodes
2022 First episode About My Words, Our Stories Doh Zat, meaning ‘Our Stories’ in Burmese, is a digital media platform where we tell the stories of our mental wellbeing and experiences of physical, psychological and sexual abuse, violence, and harassment/bullying based on gender, age, race and ethnicity, and sexuality.
Publisher Doh Zat
Category society & culture
Language my
Explicit Yes
First episode 23 Dec 2022
Latest episode 19 Apr 2023 Latest episodes 8 episodes in the feed.
19 Apr 2023
My Value ကျွန်မကတော့ ငယ်ရွယ်သူဖြစ်တာနဲ့အညီ စွန့်စားချင်တယ်။ တော်လှန်ချင်တယ်။ မတရားမှုကို မကြိုက်ဘူး။နောက်တော့ ကျွန်မတို့ သတင်းဌာနရဲ့ စီစဉ်ပေးမှုနဲ့ လွတ်မြောက်နယ်မြေထဲမှာ အခက်အခဲတွေကြားက သတင်းတင်ဆက်ခဲ့တယ်။ အဲ့ဒီ့မှာ မလုံခြုံတော့လို့ နောက်ဆုံး တစ်ဖက်နိုင်ငံကို အခက်အခဲ မျိုးစုံကြားကနေ ခိုးကြောင်ခိုးဝှက် အထောက်အထားမဲ့စွာ ဝင်ခဲ့ရတယ်။ အဲဒီမှာစပြီး ခံစားမိတာက ကျွန်မတို့မှာ ဘာအပြစ်ရှိလို့ ဒီလိုမျိုး မလုံမခြုံနဲ့ ခိုးကြောင်ခိုးဝှက် နေနေရတာလဲ။ တစ်ဖက် အိမ်နီးချင်းနိုင်ငံကို ရောက်ခါစက ဘာအထောက်အထားမှ မရှိတဲ့အတွက် ကျွန်မ အပြင် မထွက်ရဲခဲ့ဘူး။ မိုးလင်းကနေ မိုးချုပ် အလုပ်ထဲမှာပဲ အချိန်ကုန်ရင်း အလုပ်နဲ့ အိပ်ခန်း၊ အိပ်ခန်းနဲ့ အလုပ်သာ ကမ္ဘာတစ်ခု ဖြစ်ခဲ့တယ်။
27 Dec 2022
Bo Phyu "ကျွန်တော် နဂိုကမှ စကားနည်းရတဲ့အထဲ အခုဆိုရင် ပိုပြီးတောင် စကားမပြောဖြစ်တော့ဘူး။ ကျွန်တော့် စိတ်ထဲ ရှိတဲ့ ဆင်းရဲဒုက္ခတွေကို တစ်ယောက်ယောက်ကို ပြောပြချင်ပေမယ့်လည်း ဘယ်သူ့ကို ပြောရမလဲမသိဘူး။ ကျွန်တော့်မိန်းမကလည်း သူ့ဘာသာသူတောင် မနည်းရပ်တည်နေရတာ၊ သူ့ကို ကျွန်တော့်အပူတွေ မပေးချင် တော့ဘူး။ သူငယ်ချင်းတွေလည်း အတူတူပဲ။ အားလုံး အပူကိုယ်စီဖြစ်နေတာ ငါ့ကျမှ ထူးပြီး ပြောနေရင် သူတို့ စိတ်ရှုပ်တာပဲ အဖတ်တင်မယ်လို့ ထင်လို့ ပြောမနေတော့ဘူး။"
27 Dec 2022
Journey to the healthy love "သိပ်ချစ်လို့ မြတ်မြတ်နိုးနိုး တန်ဖိုးထားပြီး ယူခဲ့တာ။ ဒါပေမဲ့ စိတ်တအားကြီးပြီး ဒေါသထွက်လာရင် ငါက ငါ မဟုတ်တော့ဘူး။ အခြားသူ ဖြစ်သွားတယ်။ နံရံတွေကို လက်သီးနဲ့ ထိုးတယ်။ တီဗီတွေကို ရိုက်ခွဲတယ်။ သူ့ကိုလည်း လူမဆန်အောင် ရိုက်တယ်။ ကိုယ့်အသားကိုယ် နာအောင် လုပ်ပြီး နာကျင်စွာ ကျွန်တော် အော်ဟစ် ရယ်မောတယ်။ ပြီးမှ ကျွန်တော် နောင်တ ရတယ်။ ကျွန်တော် ချစ်တဲ့သူကို ဘာကြောင့် နာကျင်အောင် လုပ်ရတာလဲ။"
24 Dec 2022
Phoe Choi "နင် ကြောက်နေမှာပဲ။ နင်ဘယ်လို စားသောက် နေထိုင်နေလဲ။ နင့်ကို တခြားကြောင်တွေ ခွေးတွေက အန္တရာယ်များပြုနေကြလား။ နင် နေကောင်းရဲ့လား။ အသက်ရှင်သေးရဲ့လား။ ငါ့ကို အပြစ်တင်နေသေးလား။ ငါတောင်းပန်ပါတယ်နော်။"
24 Dec 2022
Robot "ကြောက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ။ စိတ်လှုပ်ရှားတာတို့ ဝမ်းနည်းတာတို့ဆိုတာရော ဘယ်လိုဖြစ်တာမျိုးလဲ။ သူများတွေ သတင်းဆိုးတွေ ကြားရလို့ ငိုနေရင်လည်း ကျွန်မက ကြောင်တောင်တောင်ကြီးနဲ့။ ဘာခံစားရမလဲဆိုတာကို ကျွန်မ တကယ်မသိတော့တာ။ ပြီးတော့ သိလည်းမသိချင်ဘူးဖြစ်နေတယ်။"
24 Dec 2022
Caved "သတင်းဆိုးတွေ အမြဲကြားရ၊ကျွန်မ ကိုယ်တိုင်လည်း အလုပ်လက်မဲ့လိုမျိုး ဖြစ်ခဲ့တော့ ယုံကြည်မှုပျောက်ပြီး ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေသလို ခံစားခဲ့ရတယ်။ ယုံကြည်မှု ပျောက်နေချိန် အမျိုးသမီး သဘာဝအရ ဓမ္မတာလာချိန်နဲ့ တိုက်ဆိုင်နေတော့ ကျွန်မကိုယ် ကျွန်မ ထိန်းချုပ်ဖို့ ခက်ခဲခဲ့ပြီး ကျွန်မ မြတ်နိုးရတဲ့ ဆံပင်တွေကို ရည်ရွယ်ချက်မရှိဘဲ ဒီအတိုင်း ညှစ်ပစ်ခဲ့တယ်။"
23 Dec 2022
Inner-child with fears "ငယ်ငယ်ကတည်းက စွဲနေခဲ့တဲ့ ကြောက်စိတ်တွေက အရိပ်လို ရှိနေတုန်းပဲ။ တစ်ခါတစ်ခါ အိပ်မက်ဆိုးတွေ မက်တယ်။ တစ်ခါတစ်လေ လူတွေကို ကြောက်တယ်။ တစ်ခါတစ်ရံ ဘာမှန်းမသိတဲ့ ကြောက်စိတ်တွေ ဝင်လာရင် ကလေးလေး တစ်ယောက်လို စိတ်က အလိုလို သေးငယ်သွားတယ်။"
23 Dec 2022
Red "ကျွန်တော်ဘာကိုမှန်းမသိ စိတ်အလိုမကျအမြဲဖြစ်နေတယ်။ ဒေါသတွေထွက်တယ်။ ဘာကိုမှ စိတ်မရှည်ဘူး။ ငိုသံတွေကို မကြားချင်ဘူး။ ငိုနေတဲ့ မျက်လုံးတွေကို မမြင်ချင်ဘူး။ "
Host of My Words, Our Stories? Claim your podcast to manage its listing and keep your show details accurate.
Claim this podcast Pod Engine is an independent podcast discovery and analytics service and is not affiliated with or endorsed by this podcast. Artwork and show content belong to their owners. Full legal notice .