165 Episodes
2022 First episode About DNA Podcast Delta News Agency is the one of the handful of the local media outlets operating in Myanmar. Based in the Irrawaddy delta region , DNA aims to contribute socio-economic development of the region serving the information needs of the local public.
Publisher delta news agency
Category news
Language my
Explicit No
First episode 9 Nov 2022
Latest episode 10 Apr 2024 Latest episodes 165 episodes in the feed.
10 Apr 2024
DNA 7 PM Podcast အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။
ဒီကနေ့ ဧပြီလ (၁၀) ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
စစ်ကောင်စီအကျဉ်းချထားတဲ့ဦးဝင်းထိန် မန္တလေးဆေးရုံမှာကုသမှုခံယူနေရ
မြဝတီမြို့လက်မလွှတ်ရရေးအတွက် စစ်ကောင်စီကသံချပ်တပ်တွေနဲ့စစ်ကူရာချီစေလွှတ်
မတ္တရာမှာ နေအိမ်ပေါ်လက်နက်ကြီးကျလို့ တအိမ်တည်းနေသူလေးဦးသေဆုံး
ဓာတ်ငွေ့ပိုက်လိုင်းထိန်းသိမ်းရေးအကြောင်းပြပြီး သင်္ကြန်ကာလ မီးပျက်ချိန်တိုးဦးမယ်
နိုင်ငံရေးအကျဉ်းသားသမီးဖြစ်သူကို ထောင်ဝင်စာသွားပို့တဲ့မိခင် ထောင်ရှေ့မှာသေဆုံး
ပြီးခဲ့တဲ့လဟာ သမိုင်းတလျှောက်အပူဆုံး မတ်လ ဖြစ်ခဲ့တယ်လို့ဆို
ဆီးနှင်းအရည်ပျော်ပြီး ရေကြီးမှုတွေကြောင့် ရုရှားနဲ့ ကာဇက်စတန်မှာ လူသိန်းနဲ့ချီ ရွှေ့ပြောင်းကြရ
စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။
9 Apr 2024
စကားပြောအက်ဆေး (၃၀ ) လမ်းကြုံမှုံကြီး (၃)
ဗြိတိသျှကိုကိုမောင်
၂၀၁၉ ကိုဗစ်တွေမဖြစ်ခင်ကာလ ။ ဟေ့လူ ကလောသွားကြမလို့ ခင်ဗျားတို့လင်မယားလိုက်မလား ။ ဒီတခါလည်း ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် ကိုမြေမှူန်လွင်ပါပဲ။ လမ်းကြုံ မှုံကြီးတို့ လမ်းကြုံထပ်ခေါ်ပြန်ပါပြီ။
5 Apr 2024
နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၂၁) နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၁၂၁
ဗညားမော်
နွေဦးတော်လှန်ရေး အရေးတော်ပုံ သုံးနှစ်ပြည့်ပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်ဟာ ပြေး သုံးပြေးကို ဆင်ခြင်နေမိခဲ့ပါတယ်။ ကျွန်တော် ပြောချင်တဲ့ ပြေးသုံးပြေးဆိုတာ စစ်ပြေး၊ ပြည်ပြေးနဲ့ တပ်ပြေးတို့ ဖြစ်ပါတယ်။ စစ်ပြေးဆိုတာကို နားခံသာအောင် စစ်ဘေးရှောင်လို့ အခုခေတ်မှာ သုံးကြပေမဲ့ တိုက်ပွဲဖြစ်တဲ့ ဒေသကနေပြီး အရပ်သား လူထုဟာ အသက်လုပြေးရတာ ဆိုတော့ စစ်ပြေး ဆိုတဲ့ အသုံးက ဒက်ထိမှန်တဲ့စကားလုံးပါပဲ။ စစ်ဘေးရှောင်စခန်း ဆိုတာကလည်း ဗုံးစာ လေကြောင်းလက်နက်စာ လက်နက်ကြီးစာ မလွတ်နိုင်တာမျိုးဆိုတော့ စစ်ဘေးကို လွတ်အောင် ရှောင်နိုင်တာမဟုတ်ပါဘူး။ စစ်ပြေးရင်းနဲ့ ထိခိုက်သေဆုံးရတဲ့ အရပ်သားပြည်သူလူထုတွေ ရှိနိုင်တာပါပဲ။ ပြည်ပြေးမှာကတော့ အမျိုးအစား နည်းနည်းထွေပြားတယ်။ စစ်ဂိုဏ်းအုပ်စုက ပုဒ်မတပ် ဖမ်းဝရမ်းထုတ်ထားလို့ လွတ်အောင်ပြေးကြရတဲ့နိုင်ငံရေးသမား၊ တက်ကြွလှုပ်ရှားသူ၊ ဆန့်ကျင်သူတွေက တဖက်နိုင်ငံနဲ့ အဲ့ဒီကတဆင့် တတိယနိုင်ငံအထိ ရောက်အောင် ပြေးကြရတဲ့ ပြည်ပြေးရှိတယ်။ တိုင်းပြည်ထဲ အလုပ်အကိုင် အခွင့်အလမ်းမရှိလို့ရွှေ့ပြောင်းလုပ်သားအဖြစ် တရားမဝင်နဲ့ တရားဝင် ပြည်ပထွက်ပြီး အကြောင်းကြောင်းအခြေအနေအရ ယာယီ၊ သို့မဟုတ် အစဉ် ပြန်ဝင်ဖို့ အခွင့်မသာတော့တဲ့ ပြည်ပြေး ရှိတယ်။ နောက်ဆုံးပေါ်ပြည်ပြေးတွေကတော့ စစ်ဂိုဏ်းအုပ်စုထဲ အဓမ္မ သွေးတပ်ဆွဲ အသွတ်သွင်းခံရတဲ့ဘေးကနေ ဘယ်နည်းနဲ့ပဲ လွတ်လွတ်ဆိုပြီး ရရာလမ်းကြောင်းကနေ ပြေးကြရတဲ့ အရွယ်ကောင်း လူငယ် ပြည်ပြေးတွေပဲ ဖြစ်တယ်။တပ်ပြေးဆိုတာကတော့ စစ်ဂိုဏ်းအုပ်စုရဲ့ အာဏာလု စစ်ကောင်စီရဲ့ အရှုံးနဲ့ အသေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကနေ အချိန်မီ ပြေးလာပြီး ပြည်သူ့ရင်ခွင်ရောက်တဲ့ တပ်ပြေး၊ တိုက်ပွဲမှာအလံဖြူထောင်လက်နက်ချပြီး သုံ့ပန်းအဖြစ်ရောက်လာတဲ့သူနဲ့ နီးစပ်ရာ တဖက်နိုင်ငံအထိ ထွက်ပြေး လက်နက်ဖြုတ် မြေကြီးနမ်း ဒူးထောက် အဖမ်းခံရပြီး ပြန်ပို့ခံရပြီး ရှေ့တန်းကို ပြန်ရောက်ရသူ ဆိုပြီး တွေ့နိုင်ပါတယ်။
ဒီပြေးသုံးပြေးဟာ မလွှဲမရှောင်သာ ပြေးကြရသူတွေလို ယေဘုယျသတ်မှတ်နိုင်ပြီး နွေဦးတော်လှန်ရေးအရေးတော်ပုံကို အဓိက မောင်းနှင်နေတဲ့ နောက်ထပ် ပြေးတပြေးကတော့ လာမယ့်ဘေး ပြေးတွေ့ဆိုတဲ့ အများစု လူငယ်ဂျန်းဇီတွေ ပါဝင်တဲ့ တော်လှန်ရေးတပ်သားတွေ ဖြစ်ပါတယ်။ အခုနောက်ဆုံး စစ်ဂိုဏ်းအုပ်စုရဲ့ အဓမ္မ သွေးတပ်ဆွဲနေတာတွေကို တုန့်ပြန်တဲ့ အခါ အချို့လူငယ်တွေဟာ နွေဦးအစကတည်းက တော်လှန်ရေးတပ်တွေထဲ မိမိသဘောဆန္ဒ မိမိပိုင်းဖြတ်ချက် မိမိခံယူချက်အရ လိုက်ပါသွားခဲ့ကြတဲ့ လာမယ့်ဘေး ပြေးတွေ့သူ နောင်တော်တွေရဲ့ ခြေရာနောက်လိုက်ကာ ကြောက်မွှေးပါ ဇာကနာနဲ့နုတ်ပြီး လွတ်မြောက်နယ်မြေက တော်လှန်ရေးတပ်တွေရဲ့ တပ်သားသစ်တွေဖြစ်ဖို့ ထွက်ခွာသွားကြတဲ့ သူတွေလည်း ရှိနေပါတယ်။
တော်လှန်ရေးတပ်သားအဖြစ်လည်း မပါဝင်နိုင်၊ စစ်အုပ်စုရဲ့ လက်အောက်မှာလည်း မနေနိုင် နေမဖြစ်တဲ့ အရပ်သား ပြည်သူအချို့ဟာလည်း ပြည်ပြေးအဖြစ် ခံယူပြီး ယာယီဆုတ်ခွာရတဲ့ သူတွေ ရှိပါတယ်။ ကိုယ့်နေထိုင်ရာ စစ်မီးမဟပ်သမျှ သင့်သလို လည်စင်းခံ နေကြရသူတွေ ရှိသလို မိမိရဲ့ ဆန္ဒ၊ အင်အား၊ အခြေအနေအရ ယာယီဆုတ်ခွာသွားကြရတဲ့ အရပ်သားပြည်သူတွေကိုလည်း ကျွန်တော်တို့နားလည်ကြည့်ကြရပါမယ်။ အဲ့ဒီထဲက ဆုတ်ခွာသူတွေဟာ လူထုအရေးပုံအတွက် ကိုယ်မပါနိုင်သော်လည်း စိတ်ပါ၊ တမြေတရေမှာ ရပ်တည်မှုရတဲ့အခါ သူတို့ဟာ စိတ်ပါရုံမက ရန်ပုံငွေနဲ့ လက်ပါလာနိုင်မယ့်သူတွေလည်း များစွာ ရှိနိုင်ပါတယ်။ ဒီတစ်ပတ်တော့ နွေဦးကာလ ပြေးတွေအထဲက ယာယီဆုတ်ခွာသွားရတဲ့ ပြေးတွေရဲ့ ခံစားချက်ကို ဝင်စားရေးသားထားတဲ့ ကဗျာဆရာ ခဇရဲ့ မြနန္ဒာ ယာယီဆုတ်ခွာခြင်း ဆိုတဲ့ ကဗျာကို ကျွန်တော်တို့ ဖတ်ကြည့်ကြရအောင်ပါခင်ဗျား။
Research this show Explore Pod Engine's podcast research tools and transcript access.
See plans Is this your podcast? Claim your show to manage its details on Pod Engine.
Claim DNA Podcast Where this data comes from Each source has its own observation date. These dates do not mean all data was checked at once.
RSS feed Last successful check: 21 Aug 2026 .
Apple Podcasts ratings (US) Snapshot recorded: 19 Sept 2026 .
Spotify ratings Snapshot recorded: Date unavailable. Host of DNA Podcast? Claim your podcast to manage its listing and keep your show details accurate.
Claim this podcast Pod Engine is an independent podcast discovery and analytics service and is not affiliated with or endorsed by this podcast. Artwork and show content belong to their owners. Full legal notice .
Explore this showPodcast research with Pod Engine
See plans