9 Episodes
1 Ratings
2021 First episode About Everyday Thinking တစ်ကိုယ်စာသိမှုတရားတွေကို ဘောင်ဘင်ရိုက်ပြီး ထွက်လာတဲ့ အသံသက်သက်ပါ ..
အကြီးကြီးတွေ မတွေးသလို ရောက်ရာပေါက်ရာလည်း မသွားပါဘူး ..
တနေရာမှာ ငြိမ်ငြိမ်လေးထိုင်ပြီး ကျွန်တော်နဲ့အတူတူ စီးမျောစေချင်ရုံပါ ..
Don't think of too much
Don't take it too serious
Publisher Kaung Kyaw Zan
Category society & culture
Language my
Explicit Yes
First episode 8 Jul 2021
Latest episode 21 Oct 2021 Latest episodes 9 episodes in the feed.
21 Oct 2021
သင်တို့ဘုရား ငါမဖူး - ကေဇဝင်း တော်လှန်ရေးကာလတွင်းမှာ ကျဆုံးသွားတဲ့ ကိုကေဇဝင်းရဲ့ ဒီကဗျာလေးဟာ
မြန်မာပြည်ရဲ့အခါကြီးရက်ကြီးတိုင်းမှာ အဖန်ဖန်ရွတ်ရမယ့် ကဗျာဖြစ်လာလိမ့်မယ်လို့
အကိုလည်း တွေးခဲ့မိမယ်မထင်ဘူး ..
ကိုကေဇဟာ ကျွန်တော့်အတွက်တော့ ညီရင်းအကိုတစ်ယောက်ထက်ပိုတဲ့ ရင်းနှီးမှုမျိုး ရှိခဲ့ရသူပါ ..
အကို ကျဆုံးတော့ နာကျင်ရဆုံးလူတွေထဲမှာ ကျွန်တော်လည်း ပါဝင်ခဲ့ပါတယ် ..
ကိုကေဇ ကောင်းရာမွန်ရာဘ၀မှာ လွတ်ငြိမ်းပါစေ ..
10 Sept 2021
The Circulation We Need ဒီကာလမှာ လိုအပ်နေတဲ့ လည်ပတ်စီးဆင်းမှုအကြောင်းလေးကို Quick Podcast အနေနဲ့ ပြောပြဆွေးနွေးထားပါတယ်ခင်ဗျာ ..
နားထောင်ပြီးတဲ့အခါ မိတ်ဆွေတို့ အမြင်လေးတွေလည်း သိချင်ပါတယ် ..
ဒီလို အကြပ်အတည်းကာလကြီးကနေ အမြန်ပြီးဆုံးလွန်မြောက်ဖို့လည်း မျှော်လင့်ပါတယ် ..
6 Sept 2021
The Perception of Burmese Literature - The Books ကျွန်တော့်ရဲ့ စာအကြောင်းပေအကြောင်း Podcast Series လေးရဲ့ နောက်ဆုံးအပိုင်းဖြစ်ပါတယ် ..
ဒီအပိုင်းမှာတော့ စာအုပ်တစ်အုပ်ဖြစ်လာဖို့ အဆင့်အဆင့် ဖြတ်သန်း ရပုံတွေ ..
နောက်ပြီး စာပေလောကကြီးထဲမှာ လူတွေ သိပ်သတိမထားမိသေးတဲ့ အကြောင်းတရားအချို့အကြောင်းကို
သေချာလေးချဉ်းကပ်ပြီး ဆွေးနွေးထားပါတယ် ..
ဒီ Podcast Series လေးရဲ့ အဓိက ရည်ရွယ်ချက်ကတော့
ကျွန်တော်တို့နိုင်ငံရဲ့ စာပေယဉ်ကျေးမှုတွေ တိုးတက်ဖို့ ဘာလုပ်လို့ရမလဲဆိုတဲ့
အတွေးမီးပွားလေးတွေ ကူးစက်စေလိုရင်းပါ ..
အတွေးစလေးတွေ အားလုံးပေါင်းမိပြီး ခိုင်မာတဲ့ Ideology တစ်ခုအနေနဲ့ ကျွန်တော်တို့ရဲ့ စာပေယဉ်ကျေးမှုကြီး
ပိုပြီး တိုးတက်ကျယ်ပြန့်လာရေးမှာ အထောက်အကူဖြစ်စေဖို့ တကယ်ကို မျှော်လင့်လျှက်ရှိပါတယ် ..
17 Aug 2021
The Perception of Burmese Literature - The Categories စာအကြောင်းပေအကြောင်း Podcast အပိုင်း ၂ ပါ
ဒီအပိုင်းမှာတော့ စာပေအမျိုးအစားတွေအကြောင်းကို လူကြိုက်အများဆုံးစာပေတွေကနေ underrated ဖြစ်နေတဲ့ စာပေမျိုးတွေအထိ ကျွန်တော်တွေးမိသလောက် ပြောပြထားပါတယ် ..
အချိန်မပေးနိုင်လို့ စာရွေးဖတ်မယ်ဆိုတဲ့သူတွေအတွက်လည်း စာဖတ်လမ်းညွှန်လေးကိုလည်း ပြောပြပေးထားပါသေးတယ် ..
13 Aug 2021
The Perception of Burmese Literature - The Reader ကျွန်တော် Podcast စလုပ်ပြီဆိုကတည်းက အပြောချင်ဆုံး Topic က ကျွန်တော်တို့နိုင်ငံရဲ့ စာအုပ်စာပေတွေအကြောင်း နဲ့ စာဖတ်ကြသူတွေအကြောင်းပါ ..
တကယ့် တကယ်တမ်း ပြောတဲ့အခါမှာ ကျွန်တော်သတ်မှတ်ထားတဲ့ အချိန်သတ်မှတ်ချက်အတွင်းမှာ ကျွန်တော်ပြောချင်တဲ့အကြောင်းရာစုံစုံလင်လင် ကို ခြုံငုံမိအောင်ပြောနိုင်ဖို့ အဆင်မပြေနိုင်ဘူး ဖြစ်နေပါတယ် ...။
အဲ့ဒါကြောင့် ဒီတစ်ခေါက် အကြောင်းအရာလေးကိုတော့ Podcast အပိုင်း ၃ ပိုင်း ပါဝင်တဲ့ Special Series အနေနဲ့ စီစဉ်လိုက်ရပါတယ် ..။
ပထမဆုံး အနေနဲ့ကတော့ စာဖတ်ကြသူတွေအကြောင်း နဲ့ စာဖတ်ကြတဲ့အသိုင်းအဝိုင်း တိုးတက်ဖွံ့ဖြိုးလာစေဖို့အကြောင်းတွေကို ရှုထောင့်သစ်တစ်ခုကနေ ချဉ်းကပ်ပြောပြထားပါတယ်ခင်ဗျာ ..။
30 Jul 2021
A Moment of Everlasting Time တခါတလေ အရင်အချိန်တွေကို ပြန်တွေးပြီး အားတင်းရတာမျိုးတွေ မိတ်ဆွေတို့ဘဝမှာ ကြုံကြမယ်လို့ ထင်ပါတယ် ..
ခုလိုချိန်က ဒီလိုအားတင်းဖို့ ပိုပြီး လိုအပ်ပါတယ် ..
ဒီတစ်ပတ်မှာတော့ ကျွန်တော်တို့ အမှတ်တရအဖြစ်ခဲ့ရဆုံး အချိန်တခုဖြစ်တဲ့
မိုးကုတ်ခရီးစဉ်လေးကို မျှဝေပေးထားပါတယ် ..
မိတ်ဆွေတို့လည်း ကိုယ့်ရဲ့ မမေ့နိုင်တဲ့အချိန်လေးတွေကို ပြန်ပြီး မြင်ယောင်ကြည့်ပါဦး ..
ကျွန်တော်တို့တွေရဲ့ ပျော်စရာကောင်းတဲ့ အတိတ်အချိန်လေးတွေဆီ ခဏလေးဖြစ်ဖြစ် စီးမျောလိုက်ရအောင် ..
23 Jul 2021
Absurd Fear အကြောက်တရားဆိုတာ ကျွန်တော်တို့ မွေးကတည်းက သေသည်အထိ
အမြဲထိတွေ့ကြုံတွေ့နေရတဲ့ စိတ်ခံစားမှုတစ်ခုပါ ..
ဘဝမှာ ဘာရယ်လို့ တိတိပပ ပြစရာမရှိဘဲ အသည်းအသန်ကြောက်ခဲ့တာတွေလည်းရှိသလို ..
ကြောက်လွန်းစရာတွေကို ထုံပေပေဖြတ်သန်းခဲ့တာမျိုးတွေလည်း ရှိနိုင်ပါတယ် ..
ဒီအပိုင်းလေးကတော့
ကျွန်တော်တို့ ခပ်ပေါ့ပေါ့ဖြတ်သန်းခဲ့ဖူးတဲ့ အကြောက်တရားတွေအကြောင်းပြောထားပါတယ် ..
17 Jul 2021
Leisure Freedom is a State of Mind ပါ ..
အကြပ်အတည်းကာလကြီးမှာ ကျွန်တော်တို့ကိုယ်တိုင် မလွတ်မြောက်နိုင်သေးရင်တောင်
ကျွန်တော်တို့ စိတ်တွေ လွတ်မြောက်အောင် ဘယ်လိုနေကြမလဲ ..
ဘာတွေ နှလုံးသွင်းးထားလို့ရမလဲ ..
ဒီ Podcast လေးဟာ မိတ်ဆွေတို့အတွက် စိတ်သက်သာရာ ရစေပြီး
မိတ်ဆွေတို့အတွက် လိုအပ်နေတဲ့အဖြေတစ်ခုခု ရနိုင်ဖို့ မျှော်လင့်ပါတယ် ..
8 Jul 2021
Everyday Thinking-Pilot Episode Podcast လေးတွေလုပ်မယ်ဆိုပြီး စိတ်ပါနေခဲ့တာကြာနေပေမယ့် အကြောင်းအမျိုးနဲ့ ဟိုရွှေ့ ဒီရွှေ့တွေ လုပ်ရင်း ...
ခုနေချိန်ခါမှာတော့ ငါလုပ်ချင်တာလေး မလုပ်လိုက်ရဘဲနေဦးမယ်လို့တွေးရင်း ....
လုံးဝစိတ်ဒုန်းဒုန်းချဆုံးဖြတ်ပြီး Intro Podcast လေးကို စဖြစ်ခဲ့ပါပြီ
ပထမဆုံး Podcast လေးဖြစ်လို့ အဆင်မပြေသေးတာတွေ ရှိနိုင်ပါတယ် ..
နယ်ပယ်အသစ်တစ်ခုထဲကို တိုးဝင်ရတာမို့ စိတ်လှုပ်ရှားစရာလည်း ကောင်းပါတယ် ..
နားထောင်ပေးကြမယ့်သူတို့နဲ့ ရင်ဘတ်ချင်းနီးနိုင်ဖို့လည်း မျှော်လင့်ပါတယ် ..
Reach and audience Public platform figures. Ratings count people who left a rating, not total listeners.
Apple Podcasts (US) 5.0 / 5 1 ratings Research this show Explore Pod Engine's podcast research tools and transcript access.
See plans Is this your podcast? Claim your show to manage its details on Pod Engine.
Claim Everyday Thinking Where this data comes from Each source has its own observation date. These dates do not mean all data was checked at once.
RSS feed Last successful check: 25 Aug 2026 .
Apple Podcasts ratings (US) Snapshot recorded: 21 Sept 2026 .
Spotify ratings Snapshot recorded: Date unavailable. Host of Everyday Thinking? Claim your podcast to manage its listing and keep your show details accurate.
Claim this podcast Pod Engine is an independent podcast discovery and analytics service and is not affiliated with or endorsed by this podcast. Artwork and show content belong to their owners. Full legal notice .
Explore this showPodcast research with Pod Engine
See plans