Fmaj7 ဆိုတဲ့ Podcast ကတော့ ကမ္ဘာမြေအတွက်လိုအပ်နေတဲ့ ဂီတဓာတ်ကို ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။ ဂီတအမျိုးအစားတွေ ၊ ဖြစ်တည်ပုံတွေ ၊ ဖန်တီးပုံတွေကို သမိုင်းကြောင်းလှန် ကောက်နှုတ်တင်ဆက်ပေးမယ့် Show ဖြစ်ပါတယ်။ Burma Podcast Network က မိတ်ဆွေများအတွက် တင်ဆက်နေကြ သူပုန်ဓာတ် ၊ ကဗျာဓာတ် ၊ မိတ်ဆွေဓာတ်များအပြင် ဂီတဓာတ်ကိုလည်း ထုတ်လွှင့်လိုက်ရပါတယ်။

Fmaj7 Podcast by Mercury
Claim This Podcastby BurmaPodcastNetwork
Podcast Overview
Fmaj7 ဆိုတဲ့ Podcast ကတော့ ကမ္ဘာမြေအတွက်လိုအပ်နေတဲ့ ဂီတဓာတ်ကို ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။ ဂီတအမျိုးအစားတွေ ၊ ဖြစ်တည်ပုံတွေ ၊ ဖန်တီးပုံတွေကို သမိုင်းကြောင်းလှန် ကောက်နှုတ်တင်ဆက်ပေးမယ့် Show ဖြစ်ပါတယ်။ Burma Podcast Network က မိတ်ဆွေများအတွက် တင်ဆက်နေကြ သူပုန်ဓာတ် ၊ ကဗျာဓာတ် ၊ မိတ်ဆွေဓာတ်များအပြင် ဂီတဓာတ်ကိုလည်း ထုတ်လွှင့်လိုက်ရပါတယ်။
Language

Publishing Since
12/25/2023
Reach the team behind Fmaj7 Podcast by Mercury
Verified contact details for this show aren't on file yet — sign up to get notified when they land.
Recent Episodes

October 11, 2025
EP017: လူမျိုးရေးလှိုင်းကြားက တန်းမြင့် Ragtime ဂီတ

Burma Podcast Network အနေနဲ့ Famj7 ကို ကမ္ဘာမြေအတွက်လိုအပ်တဲ့ ဂီတဓါတ်ကို ဖြည့်ဆည်းဖို့တင်ဆက်လာတာ အခုဆိုရင် သင်္ကြန်အထူးထုတ်တစ်ပုဒ်အပါအဝင် စုစုပေါင်း (၁၈) ပုဒ် ရှိခဲ့ပြီဖြစ်ပါတယ်။ Famj7 ဟာ BPN ရဲ့ ကနဦးအစီစဉ်တွေထဲက တစ်ခုဖြစ်ပြီး ဂန္ဓဝင်ဂီတနဲ့ ဂီတဆိုင်ရာ နောက်ခံအကြောင်း၊ အနုပညာရပ်တချို့အကြောင်းကို အဓိကတင်ဆက်ခဲ့ပါတယ်။ အစီအစဉ်တင်ဆက်သူ ကိုမာကျူရီ (Mercury) ရဲ့ ဂီတသုတေသနတွေ၊ BPN ရဲ့ ထုတ်လုပ်တင်ဆက်မှုတွေအပြင် အားပေးနားဆင်ကြသူ မိတ်ဆွေအပေါင်းဟာလည်း Fmaj7 ကိုတည်ရှိနေစေတဲ့အရာတွေ ဖြစ်ပါတယ်။ ဒီအတွက်လည်း အစဉ်ဆက် အားပေးခဲ့ကြသူ မိတ်ဆွေများနဲ့ ကိုမာကျူရီကို အထူးကျေးဇူးတင်ရှိပါတယ်။

အနောက်တိုင်းရဲ့ ဂန္ဓဝင်ဂီတဟာ ရာစုနှစ်တွေ အများကြီး ရှင်သန်တည်တံ့နေတယ်။ ဒါပေမဲ့ ၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစုအစလောက်မှာ ဂန္ဓဝင်ဂီတကိုအခြေခံတဲ့ အာဖရိကန်-အမေရိကန်နွယ်ဝင် ဂီတအမျိုးစားတစ်ခု ခေတ်စားခဲ့ပါတယ်။ အခုမာကျူရီတင်ဆက်မယ့် ရဂ်တိုမ်း (Ragtime) ဂီတပါ။ အဲ့ဒီဂီတအမျိုးစားက လူသိများလှတဲ့ ကမ္ဘာကျော် ဂျက်ဇ် (Jazz) ဂီတကို ကူးလူးဆက်နွယ်စေခဲ့တဲ့ဂီတ ဖြစ်ပါတယ်။ အမေရိကားမှာ အခြေတည်ခဲ့တဲ့ ရဂ်တိုမ်းဟာ ဂန္ဓဝင်ဂီတအခြေခံတယ်ဆိုပေမဲ့ သီခြားလက္ခဏာတွေရှိပြီး အခုလက်ရှိခေတ်စားနေတဲ့ ဂီတရေစီးကြောင်းပုံစံကို ပြောင်းလဲလာစေခဲ့တဲ့ ဂီတသမိုင်းဆိုင်ရာ အချိုးကွေ့ကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သမိုင်းဆိုင်ရာ အမှောင်ခြမ်းတွေကလည်း တပြုံကြီးပါပဲ။ ဒါတွေကို မာကျူရီက ထုံးစံအတိုင်း သမိုင်းနောက်ခံအခြေအနေတွေနဲ့ ဆက်စပ်ပြောပြထားပါတယ်။

ရဂ်တိုမ်းခေတ်နဲ့အပြိုင် အနောက်တိုင်းဂန္ဓဝင်ဂီတအမျိုးအစားတွေက မာကျူရီရှေ့အပိုင်းမှာ တင်ဆက်ခဲ့တဲ့ ဂန္ဓဝင်ဂီတသစ် (Modern Classical) ပုံစံနဲ့ လက်ရှိထိ ဆက်သွားနေဆဲဖြစ်ပါတယ်။ ရဂ်တိုမ်းဟာ ဂန္ဓဝင်ဂီတစာရင်းသွင်းမခံခဲ့ရတာကြောင့် အမေရိကန်ဦးဆောင်တဲ့ ပေါ်ပြူလာဂီတ (Popular Music) တွေထဲပါသွားပြီး Jazz, Blues, R&B စတဲ့ ကိုယ်ပိုင်ဟန်ဂီတသစ်တွေကို မျိုးစေ့ချပေးနိုင်ခဲ့တယ်။ ရဂ်တိုမ်းခေတ်ရောက်တဲ့ ဒီအပိုင်းမှာ BPN နဲ့ မာကျူရီတို့ ထုတ်လုပ်တဲ့ ဂန္ဓဝင်ဂီတဆိုင်ရာပေါ့ကတ်စ်တွေက ပြီးဆုံးသွားပြီဖြစ်ပါတယ်။ သို့သော် နားဆင်သူမိတ်ဆွေများအတွက် ဝမ်းမြောက်ဖွယ်သတင်းတစ်ခု ပြောချင်တာက ကိုမာကျူရီရဲ့ ကိုယ်တိုင်ဖန်တီးထားတဲ့ သီချင်းတွေကို သူ့ရဲ့ကိုယ်ပိုင်ပလက်ဖောင်းတွေမှာ နားဆင်နိုင်တော့မှာပါ။ BPN အနေနဲ့လည်း လက်ရှိမှာထုတ်လုပ်ဆဲဖြစ်တဲ့ ရုပ်ရှင်၊ အရှေ့တိုင်း၊ အနောက်တိုင်း ဂီတနဲ့ အနုပညာဆိုင်ရာအစီစဉ်သစ်တွေကို လာမယ့် လပိုင်းတွေမှာ ချပြသွားမှာဖြစ်ကြောင်း သတင်းကောင်းမျှလိုက်ပါတယ်။

ခုနောက်ဆုံးအပိုင်းထဲမှာ အထူးခြားဆုံးကတော့ မိတ်ဆွေများအတွက် ကိုမာကျူရီကိုယ်တိုင်ဖန်တီးထားတဲ့ ဂီတလက်ရာတချို့ကိုပါ မေတ္တာလက်ဆောင်အဖြစ် ထည့်သွင်းထားခြင်း ဖြစ်ပါတယ်။ နားဆင်ရမယ့် သီချင်းကတော့ ၂၀၂၃ ခုနှစ်မှာ ကိုမာကျူရီ ဖန်တီးထားပြီး Cinematic Orchestral Score သီချင်းအမျိုးအစားဖြစ်တဲ့ သီချင်းနာမည် Drowning in the Shadow ဖြစ်ပါတယ်။

မိတ်ဆွေများအားလုံး စိတ်ဓါတ်ခိုင်ကြည်စွာ ကျန်းမာကြပါစေ။

Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

https://linktr.ee/burmapodcastnetwork

August 23, 2025
EP016: မော်ဒန်အနုပညာခေတ်သို့ခြေလှမ်းစများ

Impressionist ဂီတအကြောင်းကို အရင်အပိုင်းမှာ တင်ဆက်ပြီးပြီဆိုတော့ ခုတစ်ခါတော့ ခေတ်ပြိုင်ဂီတတွေအကြောင်းတွေကို ၁၉ ရာစု နှောင်းပိုင်းကစပြီး ဥရောပတစ်ခွင် ဖြစ်ပျက်ကြုံဆုံနေရတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ တိုးတက်ပြောင်းလဲလာမှု စတဲ့ အကြောင်းတွေနဲ့ မြင်သာအောင် မာကျူရီက တင်ဆက်ထားပါတယ်။ အနုပညာနဲ့ပတ်သက်ပြီး အရင်ဆုံးဖြစ်ပေါ်လာတဲ့ အယူအဆနှစ်ရပ်ဖြစ်တဲ့ Art for People’s Sake နဲ့ Art for Art’s Sake ကနေ Art for No Sake ထိ ဖြစ်လာခဲ့ပုံတွေအကြောင်းကို နားဆင်ရမှာပါ။ဒီလိုအကြောင်းအရာတွေ တင်ဆက်နိုင်ဖို့ အချိန်အတော်ကြာ သုတေသနပြုတာ၊ အတွေ့အကြုံ ဝေမျှပေးမယ့် မိတ်ဆွေတွေနဲ့ ယုံကြည်မှု တည်ဆောက်တာ၊ တည်းဖြတ်တာ စတာတွေ အားလုံးပြီးမှ မိတ်ဆွေတို့ နားဆင်နိုင်တဲ့ Podcast တစ်ပုဒ်ဖြစ်လာပါတယ်။ Like, Subscribe, Share လုပ်ပေးခြင်းဖြင့် Burma Podcast Network မှ နောက်ထပ်အပိုင်းများ ထုတ်လုပ်နိုင်ဖို့ ကူညီနိုင်ပါတယ်။

Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

https://linktr.ee/burmapodcastnetwork

July 12, 2025
EP015: ပန်းချီကားတွေထဲက မြောလွင့်နေတဲ့ဂီတ Impressionism

အနုပညာရပ်တွေဟာလည်း လောကနိယာမအတိုင်း တစ်ခုနဲ့တစ်ခု ဆက်စပ်တည်ရှိနေကြပါတယ်။ အနုပညာဆိုင်ရာအကျုံးဝင်တဲ့ ဂီတဖြစ်ဖြစ်၊ ပန်းချီဖြစ်ဖြစ်၊ ကဗျာစာပေပဲဖြစ်ဖြစ် နဂိုကနေ ဆန်းသစ်တီထွင်ပြီး တိုးတက်ဖြစ်ပေါ်လာတဲ့အခါ လောကအတွက် အကျိုးများလှတယ်။ တစ်ဖက်မှာလည်း ဝေဖန်ရေးလုပ်သူတွေက ဆန်းသစ်လာတဲ့ အနုပညာလှုပ်ရှားမှုတွေကို ခေါင်းစဉ်တပ်စောကြောကြရာကနေ ဘယ်အစ်ဇင်၊ ညာအစ်ဇင်၊ ဘယ့်နှယ့် ညဲ့နှယ့်ဝါဒတွေ ပိုင်းခြားဖြစ်ပေါ်လာရပါတော့တယ်။

အနုပညာလှုပ်ရှားမှု ဒါမှမဟုတ် ဝါဒ၊ ဝါဒီတွေအကြောင်း ခေတ်အလိုက်ဆွဲထုတ်ပြီး Fmaj7 ကတင်ဆက်လာတာ အခုဆိုရင် “Impression - အင်ပရက်ရှင်း” ခေတ်ကိုရောက်လာပြီဖြစ်ပါတယ်။ အဲ့ဒီခေတ်ဟာ ပန်းချီပညာရပ်ကနေ အစပြုတာဆိုတော့ “ပန်းချီကားတွေထဲက မြောလွင့်နေတဲ့ဂီတ အင်ပရက်ရှင်နစ်ဇင်” ဆိုပြီး ဂီတရေစီးကြောင်းကို မာကျူရီက ခေါင်းစဉ်တပ်ပါတယ်။ အခုအပိုင်းမှာ ထုံးစံအတိုင်း သူ့ရဲ့ လက်တံရှည်ရှည်နဲ့ ကြိုးစားမျှဝေထားတဲ့ ၂၀ ရာစုအစောပိုင်း ပန်းချီ၊ ဂီတ ဆက်စပ်လှုပ်ရှားမှုတွေအပြင် ဂီတဆိုင်ရာသီဝရီတွေ၊ အနောက်တိုင်း မဟာဂီတသီချင်းကြီးတွေကိုလည်း နားဆင်သူတွေ နားကြောစိမ့်စိမ့် ကြားသိကြရမှာဖြစ်ပါကြောင်း။

ဒီလိုအကြောင်းအရာတွေ တင်ဆက်နိုင်ဖို့ အချိန်အတော်ကြာ သုတေသနပြုတာ၊ အတွေ့အကြုံ ဝေမျှပေးမယ့် မိတ်ဆွေတွေနဲ့ ယုံကြည်မှု တည်ဆောက်တာ၊ တည်းဖြတ်တာ စတာတွေ အားလုံးပြီးမှ မိတ်ဆွေတို့ နားဆင်နိုင်တဲ့ Podcast တစ်ပုဒ်ဖြစ်လာပါတယ်။ Like, Subscribe, Share လုပ်ပေးခြင်းဖြင့် Burma Podcast Network မှ နောက်ထပ်အပိုင်းများ ထုတ်လုပ်နိုင်ဖို့ ကူညီနိုင်ပါတယ်။

Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

https://linktr.ee/burmapodcastnetwork

20 total episodes available
Similar Podcasts
Discover related shows you might enjoy
Deep-dive analytics for Fmaj7 Podcast by Mercury
Frequently asked questions
Have a different question and can't find the answer you're looking for? Reach out to our support team by sending us an email and we'll get back to you as soon as we can.
- What is Fmaj7 Podcast by Mercury?
- How often does this podcast release new episodes?
This podcast updates bi-weekly.
- Where can I listen to this podcast?
This podcast is available on 6 platforms including Apple Podcasts, Spotify, and more. You can also use the RSS feed directly.
- Does this podcast accept guests?
Yes, this podcast regularly features guests.
Legal Disclaimer
Pod Engine is not affiliated with, endorsed by, or officially connected with any of the podcasts displayed on this platform. We operate independently as a podcast discovery and analytics service.
All podcast artwork, thumbnails, and content displayed on this page are the property of their respective owners and are protected by applicable copyright laws. This includes, but is not limited to, podcast cover art, episode artwork, show descriptions, episode titles, transcripts, audio snippets, and any other content originating from the podcast creators or their licensors.
We display this content under fair use principles and/or implied license for the purpose of podcast discovery, information, and commentary. We make no claim of ownership over any podcast content, artwork, or related materials shown on this platform. All trademarks, service marks, and trade names are the property of their respective owners.
While we strive to ensure all content usage is properly authorized, if you are a rights holder and believe your content is being used inappropriately or without proper authorization, please contact us immediately at hey@podengine.ai for prompt review and appropriate action, which may include content removal or proper attribution.
By accessing and using this platform, you acknowledge and agree to respect all applicable copyright laws and intellectual property rights of content owners. Any unauthorized reproduction, distribution, or commercial use of the content displayed on this platform is strictly prohibited.