142 Episodes
1 Ratings
2020 First episode About Internet Journal အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ကနေပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို တင်ဆက်ပေးနေတာဖြစ်ပါတယ်။ စာဖတ်စရာမလိုဘဲ သတင်းတွေကို အသံနဲ့နားဆင်နိုင်တဲ့ ဒီအစီအစဉ်ကို ပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ စောင့်မျှော်နားဆင်နိုင်ပါတယ်။
Publisher Internet Journal
Category news
Language my
Explicit No
First episode 18 Jul 2020
Latest episode 31 Jan 2021 Latest episodes 142 episodes in the feed.
31 Jan 2021
အစိုးရကားတွေကို လျှပ်စစ်ကားတွေနဲ့ လဲလှယ်ချင်တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ Samsung S21 စီးရီး ဖုန်းများစွာ တင်ပို့ရောင်းချဖွယ်မရှိ၊ Citizens မိုဘိုင်းငွေကြေးဝန်ဆောင်မှုမှ လူမှုအကျိုးပြုအစီအစဉ် စတင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဖက်ဒရယ်အစိုးရ ဓာတ်ဆီစွမ်းအင်သုံးကားတွေ ဖယ်ရှားဖို့ဆောင်ရွက်နေပြီး လျှပ်စစ်ကားတွေအစားထိုးသွားမယ်ဆိုတဲ့အကြောင်း၊ Samsung အနေနဲ့ ဈေးနှုန်းကို အနည်းငယ် လျှော့ချခဲ့ပေမယ့် ရောင်းအားမြှင့်တင်ဖို့ မကြိုးစားဘူးလို့ သတင်းထွက်နေပြီး ၂၀၂၁ အတွင်း Galaxy S21 စီးရီး ထုတ်ကုန်တွေ ၂၆ သန်းပဲ တင်ပို့ရောင်းချဖို့ ခန့်မှန်းထားတယ်တဲ့အကြောင်း၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှု Citizens မှ မြန်မာနိုင်ငံသားများအားလုံး ပါဝင်လှူဒါန်းနိုင်တဲ့ “Citizens နှင့်အတူ ကာကွယ်ဆေးလှူ” လူမှုအကျိုးပြုအစီအစဉ်စတင်ခဲတယ့်ဆိုတဲ့အကြောင်းစတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာ သတင်းတွေကို အင်တာနက် ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာတင်ဆက်ပေးထားပါတယ်။
28 Jan 2021
နှလုံးခုန်စက်ထည့်ထားသူအနီး iPhone မသုံးဖို့ Apple သတိပေး၊ Facebook သုံးစွဲသူဖုန်းနံပါတ်တွေကို Telegram bot ကတစ်ဆင့်ရောင်းချနေ၊ အွန်လိုင်းဖြင့်သင်ကြားမည့်နိုင်ငံခြားဘာသာစကားသင်တန်းများ လျှောက်လွှာခေါ် Apple ဟာ အခုအပတ်အတွင်း iPhone အသစ်ဖြစ်တဲ့ iPhone 12 နဲ့ ၂၀၂၀ ထုတ် iPhone တွေချိတ်ဆက်ထားတဲ့ MagSafe သံလိုက်အားသွင်းစနစ်ထုတ်ကုန်တို့ကို နှလုံးခုန်စက် ဒါမှမဟုတ် ခွဲစိတ်ကုသထည့်သွင်းရတဲ့ နှလုံးခုန်စက် (ICD) အနားမှာထားရင် အန္တရာယ်ရှိကြောင်းသတိပေးထားတဲ့အကြောင်း၊ Facebook သုံးစွဲ သူတွေရဲ့ ဖုန်းနံပါတ် အပြည့် အစုံပါဝင်တဲ့ database တစ်ခုကိုရရှိထားပြီး Telegram bot အသုံးပြုကာအချက်အလက်တွေရောင်းချနေတယ်လို့ Motherboard ကဖော်ပြခဲ့တဲ့အကြောင်း၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္က သိုလ်မှ အွန်လိုင်းစနစ်နဲ့သင်ကြားမယ့် သင်တန်းတွေကို ဖေဖော်ဝါရီ ၁ ရက် နဲ့ ၂ ရက်တွေမှာ အွန်လိုင်းမှ တစ်ဆင့်လျှောက်ထားရမှာ ဖြစ်ပြီး သင်တန်းဝင်ခွင့်လျှောက်လွှာတွေကို ဖေဖော်ဝါရီ ၁ ရက်၊ နံနက် ၉ နာရီခွဲမှာ https://chrd.yufl.edu.mm (https://l.facebook.com/l.php?u=https%3A%2F%2Fchrd.yufl.edu.mm%2F%3Ffbclid%3DIwAR2f7M7Ip3dIIOktk4bI7vj1JldLVV5Dm9LYjRMzwZvIFvOHF_zkQ9atSpU&h=AT2kfIOZOPnRmJBiTFm0u4Jy8FK5N5PWiOjtlPKdsP3fmiZyodVe4j7M2bd4eXXzgmnEol8gVKAwP2Vey5bpzzHCGHTQPEvVvYTbv81TBb9gu2IvLW8PsQZp9YZ44bsomNuDog) မှ တစ်ဆင့် လျှောက်ထားရမှာဖြစ်တဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာ သတင်းတွေကို အင်တာနက် ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
26 Jan 2021
၂၀၂၀ အတွင်းအာရှပစိဖိတ်ဒေသများတွင် Viber အသုံးပြုမှုတိုးမြင့်၊ 7Book Zay မှ Online Book Fair ကို ဖေဖော်ဝါရီ ၂၁ ရက်အထိ ပြုလုပ်၊ Higher Education Forum ကျင်းပမည် Viber မှ COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုတွေကြောင့် ပြည်သူများအချင်းချင်းဆက်သွယ်ပြောမှုပုံစံ ပြောင်းလဲလာပုံပေါ် အခြေခံကာ အက်ပလီကေးရှင်းအတွင်း ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်နိုင်ခဲ့သလို ၂၀၂၀ အတွင်း အာရှပစိဖိတ်ဒေသများမှာလည်း အက်ပလီကေးရှင်းသုံးစွဲမှု တိုးမြင့်လာတယ်ဆိုတဲ့အကြောင်း၊ အွန်လိုင်းပေါ်မှ တစ်ဆင့် စာအုပ်၊ eBook နဲ့ AudioBook များ တစ်နေရာတည်းမှ အစုံရစေမယ့် 7Book Zay အွန်လိုင်းစာအုပ်ဆိုင်ကို Information Matrix Co., Ltd. မှ ဇန်နဝါရီ ၂၁ ရက်က အွန်လိုင်းမှတစ်ဆင့် မိတ်ဆက်ခဲ့ပြီး အဆိုပါ မိတ်ဆက်ပွဲနှင့်အတူ Online Book Fair ကို ဖေဖော်ဝါရီ ၂၁ ရက်အထိ ပြုလုပ်သွားမယ်ဆိုတဲ့အကြောင်း၊ Higher Education Forum နဲ့ပတ်သက်ပြီး Virtual Forum ကို ဇန်နဝါရီ ၃၀ ရက်နဲ့ ၃၁ ရက်တွေမှာ Zoom မှတစ်ဆင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး စိတ်ဝင်စားသူမည်သူမဆို http://bit.do/fMNPG (http://bit.do/fMNPG?fbclid=IwAR0hVQTq7t5qQc0JLuFO6y4GF_ksZePGYARL3mGVbBjeoQsRWgTZqF_SBYY) ကို ဇန်နဝါရီ ၂၈ ရက် မတိုင်မီ Register ပြုလုပ်ကာ တက်ရောက်နိုင်မယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာ သတင်းတွေကို အင်တာနက် ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Reach and audience Public platform figures. Ratings count people who left a rating, not total listeners.
Apple Podcasts (US) 5.0 / 5 1 ratings Research this show Explore Pod Engine's podcast research tools and transcript access.
See plans Is this your podcast? Claim your show to manage its details on Pod Engine.
Claim Internet Journal Where this data comes from Each source has its own observation date. These dates do not mean all data was checked at once.
RSS feed Last successful check: 23 Aug 2026 .
Apple Podcasts ratings (US) Snapshot recorded: 19 Sept 2026 .
Spotify ratings Snapshot recorded: Date unavailable. Host of Internet Journal? Claim your podcast to manage its listing and keep your show details accurate.
Claim this podcast Pod Engine is an independent podcast discovery and analytics service and is not affiliated with or endorsed by this podcast. Artwork and show content belong to their owners. Full legal notice .
Explore this showPodcast research with Pod Engine
See plans