34 Episodes
24 Ratings
2021 First episode About လက်ဖက်ရည်ချို ကဗျာ တကျိုက်လောက် ဝင်မော့ သွားပါဦးလား
Publisher Cho
Category arts
Language my
Explicit No
First episode 11 Jul 2021
Latest episode 3 Apr 2024 Latest episodes 34 episodes in the feed.
3 Apr 2024
စောင့်ရခြင်း . မောင်သာနိုး #စောင့်ရခြင်း
ငါ့ချစ်သူလာလိမ့်မယ်
လက်လေးတွေဆန့်တန်းဖွင့်လှစ်လိုက်ပြီး
ငါ့ကိုဖက်သိုင်းလိမ့်မယ်။
ငါ့ကြောက်စိတ်များကို နားလည်မယ်
ငါ့အပြောင်းအလဲတွေကို လေ့လာလိမ့်မယ်။
သွန်းချလာတဲ့အမှောင်ထဲကနေ
ပိန်းပိတ်မှောင်တဲ့ညထဲကနေ
တက္ကစီတံခါးကိုတောင် ဆောင့်မပိတ်အားတော့ဘဲ
ဆွေးမြေ့နေတဲ့ တံခါးမုဒ်ကို ဖြတ်ကာ အပေါ်ထပ်ကို အပြေးကလေးတက်လာမယ်။
မေတ္တာရယ်၊ မေတ္တာရဲ့ချမ်းမြေ့မှုရယ်နဲ့ လောင်ကျွမ်းလို့ပဲ။
မိုးရေ တစက်စက်ကျရင်း
အပေါ်ကိုပြေးတက်လာမယ်
တံခါးကိုမခေါက်တော့ဘူး။
ငါ့ဦးခေါင်းကို သူ့လက်ကလေးတွေနဲ့ ပွေ့ယူလိုက်မယ်။
ပြီး သူ့အပေါ်အင်္ကျီကို ကုလားထိုင်ပေါ် ပစ်ချလိုက်တဲ့ခါ
ကြမ်းပြင်အပေါ်ကို လျှောကျသွားပြီး ပြာလဲ့လဲ့အပုံတစ်ပုံ ဖြစ်သွားလိမ့်မယ်။
#ယက်ဖ်တူရှင်ကို
Yevgeny Yevtushenko - Waiting
#မောင်သာနိုး - ဘာသာပြန်
29 Mar 2024
ကိုယ်လိုချင်တာ နွေးထွေးတဲ့ လက်ဖဝါး . မိုးရဲ ◾️ ကိုယ်လိုချင်တာ နွေးထွေးတဲ့ လက်ဖဝါး
မြက်ခင်းပြင်တွေက ဘယ်တော့မှ အဆုံးသတ် မရှိပေမယ့် မင်း ပင်ပန်းနေမှုကို ကိုယ် သိတယ်။ အလုပ်ခွင်ကနေ နေအိမ်ကို ပြန်ရောက်လာတဲ့ အမျိုးသမီးတစ်ယောက်က သူ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အဝတ်အစားတွေ အကုန်လုံးကို တစစီ ချွတ်ချပစ်ချင်ခဲ့သလို ပင်ပန်းမှုမျိုး။ ငိုနေတဲ့ မျက်ရည်တွေက ကလေးတစ်ယောက်ရဲ့ ရင်ထဲကနေ လှိုက်တတ်လာတဲ့ လှိုင်းလုံးတွေလို ဝမ်းနည်းမှုမျိုး။ လှိုင်းလုံးတွေ ပြန်လည်ကျဆင်းသွားတဲ့အခါမှာတော့ ကမ်းခြေမှာ ဘယ်လိုခြေရာလက်ရာမှ မထားရှိခဲ့သလို မျက်ရည်တွေ။ ကိုယ်တို့တိုင်းပြည်မှာ နေ့စဉ်နေ့တိုင်း နေဝင်၊ နေထွက်နေပုံက ကိုယ် ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်တစ်ခုထဲကလို အမျိုးသမီးတစ်ယောက်က သူနဲ့ လိင်ဆက်ဆံခဲ့တဲ့ လူတိုင်းကို ရှင်နဲ့မှ ပထမဆုံး ပြီးမြောက်ခဲ့ဖူးတာပါလို့ ထပ်တူပြောဆိုနေတဲ့ အတိုင်းပဲ။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်လည်း နေမင်းရဲ့ အရှေ့ဘက်ကို အဓိပ္ပာယ်မရှိ လမ်းလျှောက်ရင်း တချိန်ချိန််မှာ လဲကျသေဆုံးသွားရမယ့် ဆိုက်ဘေးရီးယားက လယ်သမားတစ်ယောက် ဆိုတာမျိုးတော့ မဖြစ်ချင်ခဲ့ပါဘူး။ ကိုယ်တို့အားလုံးဟာ သေဆုံးခဲ့ပြီးသား။ လွင်ပြင်တွေကို ဖြတ်လာစဉ်ကတည်းက လေညှင်းတွေနဲ့ ခွဲခွါခဲ့ပြီးသား။ ကိုယ်တို့ မျက်နှာတွေအပေါ်မှာတော့ အမြဲတစေ ဇာပုဝါစတွေနဲ့ပဲ ဖုံးလွှမ်းထားခဲ့တယ်။ ဖြစ်ခဲ့သမျှ အရာရာကို လက်ခံနိုင်စွမ်း ဆိုတာမျိုး မရှိရင် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မင်းရဲ့ ရင်သားတွေအပေါ် နောက်တစ်ခါ ကိုယ် တိုးဝင်အိပ်စက်နိုင်လိမ့်မယ်လို့ ယုံကြည်နိုင်စွမ်း ဆိုတာလည်း ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး။ အိပ်မက်ဆိုတာ တကယ်ရှိခဲ့ရင်တော့ အဲဒီအိပ်မက်က မင်းရဲ့ နွေးထွေးတဲ့ လက်ဖဝါးတွေနဲ့ ကိုယ့်ရဲ့ ပါးပြင်ကို ထိကပ်ထားဖို့ပေါ့။
◾မိုးရဲ
◾Oct 2022
26 Oct 2023
If I had three lives . Sarah Russell (ဘာသာပြန် - ဏေသစ်) ကိုယ့်မှာ ဘဝသုံးခုသာ ရှိခဲ့ရင်
(Whitlams ရဲ့ Melbourne ကို မှီး၍)
ကိုယ့်မှာ ဘဝသုံးခုသာ ရှိခဲ့ရင် ဘဝနှစ်ခုမှာ မင်းကို ကိုယ် လက်ထပ်မယ်
ကျန်တဲ့ တခုမှာရော ... ဖြစ်နိုင်တာကတော့ အဲဒီဘဝမှာ ကိုယ်ဟာ
Starbucksမှာ တယောက်တည်း ထိုင်နေမှာပေါ့၊ စာရေးနေမှာပေါ့
အမှတ်တရမှတ်တမ်းတစောင်ဖြစ်ဖြစ်၊ ဝတ္ထုတအုပ်ဖြစ်ဖြစ်
ဒီကဗျာလည်း ဖြစ်ရင် ဖြစ်နေမှာပေါ့။ ကလေးတော့ မမွေးလောက်ဘူး။
မြစ်ကို မြင်ရမယ့် တိုက်ခန်းကျဉ်းလေး တခုရှိမယ်၊ ပြီးရင်
စာအုပ်တွေ၊ စာအုပ်တွေမှ အများကြီးနဲ့၊ စာဖတ်ဖို့ အချိန်လည်း ရှိနေမှာပေါ့။
အတူရယ်မောကြမယ့် သူငယ်ချင်းတွေ ရှိမယ်၊ တခါတလေ အမျိုးသားတယောက်လည်း ရှိမပေါ့
စနေတနင်္ဂနွေနှစ်ရက်လောက်ပါပဲ၊ အသက်ရှင်နေတုန်းမှာ အရေပြားဟာ
ဘယ်လိုဘယ်ပုံ ခံစားရတယ်ဆိုတာ အမှတ်ရရုံလောက်ပါပဲ။
အဲဒီဘဝမှာ ကိုယ်ဟာ ပို ပိန်နေမယ်၊ သက်သက်လွတ်စားမယ်
ယောဂလေ့ကျင့်မယ်။ Art films ပွဲတွေ ၊လယ်ယာထွက်ကုန်စျေးတွေ
သွားမယ်၊ ဒူးဖုံးစကတ်ကားကားတွေနဲ့ လက်ဝတ်ရတနာခပ်ကြီးကြီးတွေ
ဝတ်ပြီး မာတီးနီတွေ သောက်မယ်
Maine ကမ်းခြေကို အားလပ်ရက်သွားလည်တဲ့အခါ စနေတနင်္ဂနွေကောင်လေးက
ကျန်ရစ်ခဲ့မယ့် ဖလန်နယ်ရှပ်တထည်ကို ဝတ်ထားမယ်၊ သူ့ကို ချစ်တာထက်
စွဲကျန်နေမယ့် ချွေးနဲ့ Aftershaveတို့ရဲ့ အနံ့ကို ပိုလို့တောင် ချစ်နေမှာပေါ့
နေထွက်ချိန် ကမ်းခြေမှာ လမ်းလျှောက်ရင်း ပြီးပြည့်စုံတဲ့ ခရုပတ်ခွေလေးတွေ
ရှာမှာ၊ သဲပြင်ထဲမှာ ရေက ချန်ထားခဲ့တဲ့ ချိုင့်ခွက်ရာတွေကို လေ့လာမှာ။
ပြီးတော့ ဒီတသက်မှာ မင်းကို တွေ့မှ တွေ့ပါ့ဦးမလားလို့
တွေး တွေးနေမှာပေါ့ ။ ။
(Sarah Russell - If I Had Three Lives)
Translated by ဏေသစ်
Reach and audience Public platform figures. Ratings count people who left a rating, not total listeners.
Apple Podcasts (US) 4.4 / 5 7 ratings
Spotify 4.8 / 5 17 ratings Research this show Explore Pod Engine's podcast research tools and transcript access.
See plans Is this your podcast? Claim your show to manage its details on Pod Engine.
Claim လက်ဖက်ရည်ချို Where this data comes from Each source has its own observation date. These dates do not mean all data was checked at once.
RSS feed Last successful check: 23 Aug 2026 .
Apple Podcasts ratings (US) Snapshot recorded: 17 Oct 2024 .
Spotify ratings Snapshot recorded: 19 Aug 2026 . Host of လက်ဖက်ရည်ချို? Claim your podcast to manage its listing and keep your show details accurate.
Claim this podcast Pod Engine is an independent podcast discovery and analytics service and is not affiliated with or endorsed by this podcast. Artwork and show content belong to their owners. Full legal notice .
Explore this showPodcast research with Pod Engine
See plans