14 Episodes
2026 First episode About The Corner_podcast The Corner online မဂ္ဂဇင်းရဲ့ အသစ် စီစဥ်မှု တစ်ခုအဖြစ် စိတ်ဝင်စားဖွယ်၊ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများကို Podcast သဏ္ဍန် ဆွေးနွေး စကားပြောဝိုင်းများ၊ လတ်တလော နိုင်ငံတကာ အဖြစ်အပျက် စကားဝိုင်းများကို မကြာခင် The Corner YouTube channel မှ တင်ဆက်လိုက်ပါတယ်။ နားဆင်ကြည့်ရှုသူများ စိတ်ဝင်စားကြမယ့် အကြောင်းအရာများကို စီစဥ် တင်ဆက်သွားမှာပါ။
The Corner Podcast Team
Publisher The Corner
Category arts · society & culture
Language my
Explicit No
First episode 22 May 2026
Latest episode 13 Aug 2026 Latest episodes 14 episodes in the feed.
13 Aug 2026
EP6_မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း (ဦး) ရဲထွဋ်လေး မြန်မာ့လက်ရွေးစင်ဟောင်း (ဦး) ရဲထွဋ်လေးနှင့် The Corner
မြန်မာ့ ဘောလုံးဟာ တစ်ချိန်က အာရှရဲ့ ထိပ်တန်း တစ်နေရာကို ရောက်ခဲ့ဖူးပါတယ်။ အဲဒီတစ်ချိန် ဆိုတာ အခုလက်ရှိကနေ ပြန်ကြည့်မယ်ဆိုရင် နှစ်ပေါင်း ၆၀ ကျော်လောက် ကြာခဲ့ပါပြီ။ အဲဒီ နောက်ပိုင်း ကနေအခုအချိန်အထိ အရင်ကရောက်ခဲ့ဖူးတဲ့ ထိပ်တန်းနေရာကို ပြန်မရောက် နိုင်တော့ပါဘူး။ သို့သော်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ခန့်က အတိအကျ ပြောရရင် ၁၉၉၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲမှာ မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်မှာ စင်္ကာပူ အသင်းကို ခက်ခက်ခဲခဲနဲ့ အနိုင်ရရှိပေမယ့် နောက်ဆုံးဗိုလ်လုပွဲမှာ ထိုင်းအသင်းကို ရှုံးပြီး ငွေတံဆိပ်ဆုနဲ့ ဆွတ်ခူးနိုင်ခဲ့တယ်။
ဒါဟာ မြန်မာ့ ဘောလုံးရဲ့ အာရှ နယ်ပယ်မှာ comeback တစ်ခုအနေနဲ့ မှတ်တမ်းတင်ရာမှာ အဲဒီ ပွဲတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကစားခဲ့တဲ့ မြန်မာ့လက်ရွေးစင်ဟောင် (ဦး) ရဲထွဋ်လေးနဲ့ The Corner မဂ္ဂဇင်းက ဆရာအောင်ကြီးတို့ မကြာခင်ကပဲ စကားပြော ဆွေးနွေးခွင့် ရခဲ့ပါတယ်။
(ဦး) ရဲထွဋ်လေးရဲ့ ဖြတ်သန်းခဲ့တဲ့ ဘောလုံး သမားဘဝ အတွေ့အကြုံ၊ ဘဏ္ဍာအခွန် ကလပ် အသင်းကနေ မြန်မာ့လက်ရွေးစင် အဖြစ်ရွေးချယ်ခံခဲ့ရပုံ၊ ၁၉၉၃ ခုနှစ်မှာ အောင်မြင်ခဲ့တဲ့ ကစားပွဲ အတွေ့အကြုံနဲ့ နောက် မြန်မာ့ ဘောလုံးမျိုးဆက်သစ်များအတွက် အကြံပေးချက်များကို ယခု ပေါ့ကတ်စ် အစီအစဥ်မှာ နားဆင်ကြရပါမယ်။
The Corner Podcast
26 Jul 2026
EP3_The Corner reads ဝတ္ထု The Corner ကနေ တင်ဆက်မှု အသစ်တစ်ခု အဖြစ် နားဆင်ရန် ပေါ့ကတ်စ် အဖြစ် The Corner အတွဲများတွင် ဖော်ပြခဲ့ပြီးသော ဆောင်းပါး၊ ဝတ္ထုနှင့် ကဗျာများကို The Corner reads ကဏ္ဍတွင် ရွေးချယ်တင်ဆက်သွားမည် ဖြစ်ပါသည်။
ယခု Episode 3 ကို The Corner အတွဲ ၁၈ တွင် ဖော်ပြခဲ့သည့် ဆရာ ခြိမ့်သဲ ရေးသားသည့် "ကုန်စျေးနှုန်း ကျဆင်းခြင်း သတင်း" ဝတ္တုကို တင်ဆက်သူ "နန်း" မှ ဖတ်ပြထားပါတယ်။
The Corner
26 Jul 2026
EP2_The Corner reads ကဗျာ "ပြန်တော့မယ်" The Corner ကနေ တင်ဆက်မှု အသစ်တစ်ခု အဖြစ် နားဆင်ရန် ပေါ့ကတ်စ် အဖြစ် The Corner အတွဲများတွင် ဖော်ပြခဲ့ပြီးသော ဆောင်းပါး၊ ဝတ္ထုနှင့် ကဗျာများကို The Corner reads ကဏ္ဍတွင် ရွေးချယ်တင်ဆက်သွားမည် ဖြစ်ပါသည်။
ယခု Episode 2 ကို The Corner အတွဲ ၂၉ တွင် ဖော်ပြခဲ့သည့် ယူရေးသားသည့် "ပြန်တော့မယ်" ကဗျာကို အသံဖြင့် တင်ဆက်သူ "နန်း" မှ ရွတ်ဖတ် တင်ပြထားပါတယ်။
The Corner
16 Jul 2026
EP4_သူတို့ပြောတဲ့စကား_ဆရာ ဒေါက်တာအောင်ကြီး အပိုင်း (၃) The Corner မဂ္ဂဇင်း "သူရေးတဲ့စာ" ကဏ္ဍရဲ့ ပင်တိုင်ဆောင်းပါးရှင် ဆရာ ဒေါက်တာအောင်ကြီးကို The Corner ရဲ့ စီစဥ်သူ တစ်ဦးဖြစ်သူ (ဦး) အောင်ကြီးက သွားရောက်တွေ့ဆုံပြီး The Corner အတွဲများတွင် ရေးသားဖော်ပြခဲ့သည့် ဆောင်းပါးများနှင့် ပတ်သက်ပြီး ဆရာ့ ခံစားချက် အတွေးအမြင်များကို မေးမြန်းရိုက်ကူး အသံသွင်းခဲ့ပါတယ်။
နားဆင်သူကြည့်ရှုသူများ အဆင်ပြေပြေ အထစ်အငေ့ါမရှိ ကြည့်ရှုနိုင်ဖို့ အပိုင်း သုံးပိုင်း ခွဲပြီး တင်ဆက်လိုက်ပါတယ်။ အခုတင်ဆက်လိုက်တာကတော့ နောက်ဆုံးအပိုင်းပါ။
The Corner
10 Jul 2026
EP4_သူတို့ပြောတဲ့စကား_ဆရာ ဒေါက်တာအောင်ကြီး အပိုင်း (၂) he Corner မဂ္ဂဇင်း "သူရေးတဲ့စာ" ကဏ္ဍရဲ့ ပင်တိုင်ဆောင်းပါးရှင် ဆရာ ဒေါက်တာအောင်ကြီးကို The Corner ရဲ့ ဖန်တီးရှင် တစ်ဦးဖြစ်သူ (ဦး) အောင်ကြီးက သွားရောက်တွေ့ဆုံပြီး The Corner အတွဲများတွင် ရေးသားဖော်ပြခဲ့သည့် ဆောင်းပါးများနှင့် ပတ်သက်ပြီး ဆရာ့ ခံစားချက် အတွေးအမြင်များကို မေးမြန်းရိုက်ကူး အသံသွင်းခဲ့ပါတယ်။
နားဆင်သူကြည့်ရှုသူများ အဆင်ပြေပြေ အထစ်အငေ့ါမရှိ ကြည့်ရှုနိုင်ဖို့ အပိုင်း သုံးပိုင်း ခွဲပြီး တင်ဆက်လိုက်ပါတယ်။ ဒီအစီအစဥ်ကတော့ အပိုင်း (၂) ပါ။
ဆရာ ဒေါက်တာအောင်ကြီး လက်ရာဆောင်းပါးများကိုလည်း တစ်စုတစ်စည်းတည်း အောက်ပါလင့်ကိုနှိပ်၍ သွားရောက်ဖတ်ရှုလို့ ရပါတယ်။
10 Jul 2026
EP3_သူတို့ပြောတဲ့စကား_ဆရာ ဒေါက်တာအောင်ကြီး The Corner မဂ္ဂဇင်း "သူရေးတဲ့စာ" ကဏ္ဍရဲ့ ပင်တိုင်ဆောင်းပါးရှင် ဆရာ ဒေါက်တာအောင်ကြီးကို The Corner ရဲ့ ဖန်တီးရှင် (ဦး) အောင်ကြီးက သွားရောက်တွေ့ဆုံပြီး The Corner အတွဲများတွင် ဆရာ ရေးသားဖော်ပြခဲ့သည့် ဆောင်းပါးများနှင့် ပတ်သက်ပြီး ဆရာ့ ခံစားချက် အတွေးအမြင်များကို မေးမြန်းရိုက်ကူး အသံသွင်းခဲ့ပါတယ်။
နားဆင်သူကြည့်ရှုသူများ အဆင်ပြေပြေ အထစ်အငေ့ါမရှိ ကြည့်ရှုနိုင်ဖို့ အပိုင်း သုံးပိုင်း ခွဲပြီး တင်ဆက်လိုက်ပါတယ်။
ဆရာ ဒေါက်တာအောင်ကြီး လက်ရာဆောင်းပါးများကို တစ်စုတစ်စည်းတည်း ဖြတ်ရှုရန် အောက်ပါလင့်ကိုနှိပ်၍ သွားရောက်ဖတ်ရှုလို့ ရပါတယ်။
https://thecornermm.com/tag/%e1%80%92%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%90%e1%80%ac%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8/ (https://thecornermm.com/tag/%e1%80%92%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%90%e1%80%ac%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8/)
4 Jul 2026
Episode 3 - ဆင်နှင့် ဆိတ်တို့ ကြားက အစ္စရေးရဲ့ အကျပ်အတည်း Episode 3 - ဆင်နှင့် ဆိတ်တို့ ကြားက အစ္စရေးအကျပ်အတည်း
ဆရာချစ် - ကိုတင် တို့၏ နိုင်ငံတကာ သုံးသပ်ချက် Podcast
ဒီအပတ် The Corner နိုင်ငံတကာ သုံးသပ်ချက် Podcast အစီအစဥ်မှာ ဆရာချစ် နဲ့ ကိုတင်တို့က အရှေ့အလယ်ပိုင်း ဒေသတွင် ဖြစ်ပွားလျက်ရှိသော အမေရိကန် နှင့် အီရန်တို့ တစ်ဖက် နှင့် တစ်ဖက် တင်းမာလျက်ရှိသည့် ပြဿနာအကြား အစ္စရေးနိုင်ငံ၏ ရပ်တည်ချက်နှင့် အကျပ်အတည်းတို့ကို သုံးသပ်ထားကြခြင်း ဖြစ်သည်။
26 Jun 2026
EP1_The Corner reads ဝတ္ထု The Corner ကနေ တင်ဆက်မှု အသစ်တစ်ခု အဖြစ် နားဆင်ရန် ပေါ့ကတ်စ် အဖြစ် The Corner အတွဲများတွင် ဖော်ပြခဲ့ပြီးသော ဆောင်းပါး၊ ဝတ္ထုနှင့် ကဗျာများကို The Corner reads ကဏ္ဍတွင် ရွေးချယ်တင်ဆက်သွားမည် ဖြစ်ပါသည်။
ယခု ပထမဆုံး Episode 01 ကို The Corner အတွဲ၂၂ တွင် ဖော်ပြခဲ့သည့် ကိုတင်ရေးသားသည့် "ကျွန်တော့် နာမည် လူဝီပါ၊ ရေကျော်မှာနေပါတယ်" ဝတ္ထုကို အသံဖြင့် တင်ဆက်သူ "နန်း" မှ ဖတ်ပြထားပါတယ်။
The Corner
10 Jun 2026
EP2_The Corner_Global Geopolitics Review ယခုအပတ် တင်ဆက်တဲ့ ပေါ့ကတ်စ် အစီအစဥ်မှာ လတ်တလော ကမ္ဘာ့ဖြစ်ရပ်များထဲက စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်များကို ကောက်နုတ် သုံးသပ်ထားပါတယ်။ The Corner ကနေ စီစဥ်တင်ဆက်တဲ့ "နိုင်ငံတကာရေးရာ သုံးသပ်ချက်" ပေါ့ကတ်စ်အစီအစဥ်မှာ The Corner ရဲ့ Host ကိုတင်နဲ့ အတူ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူ ဆရာ ချစ်ဝင်းမောင် (ဆရာချစ်) တို့က ဆွေးနွေးထားကြပါတယ်။
ဒီတစ်ပတ် အစီအစဥ်မှာ
အမေရိကန် အစ္စရေး - အီရန် စစ်ပွဲ နောက်ဆုံးအခြေအနေ
စင်္ကာပူနိုင်ငံမှာ နှစ်စဥ်ကျင်းပလေ့ရှိတဲ့ ရှန်ဂရီလာ ဒိုင်ယာလော့ ၂၀၂၆ မှာ အမေရိကန်က အာရှနိုင်ငံတွေကို ဘာသတင်းစကားတွေ ပေးလိုက်ပါသလဲ
မကြာခင် ကျင်းပတော့မယ့် ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလားပွဲကြီးကို ကမ္ဘာ့နိုင်ငံရေး ဖြစ်ရပ်တွေ လွှမ်းမိုးထားသလားဆိုတဲ့ ခေါင်းစဥ်များကို ပြည့်ပြည့်စုံစုံ ဆွေးနွေး တင်ပြထားပါတယ်။
ဒီလို နိုင်ငံတကာ ရေးရာသုံးသပ်ချက်များကို အပတ်စဥ် တင်ဆက်သွားနိုင်အောင် ကြိုးစားနေပါတယ်။ လိုအပ်ချက်များ၊ အကြံပြုချက်များရှိရင်လည်း ရေးသားထားခဲ့နိုင်ပါတယ်။
The Corner Podcast team
5 Jun 2026
EP3_Planet Myanmar Channel တည်ထောင်သူ ကိုချမ်းနဲ့ စကားစမြည် ကျွန်တော် ကိုချမ်းနဲ့ သိကျွမ်းရင်းနှီးခဲ့တာတော့ ကြာပါပြီ။ ဒါပေမဲ့ နောက်ပိုင်းမှာ အလုပ်တာဝန်တွေနဲ့ အခြေအနေအမျိုးမျိုးကြောင့် တစ်ယောက်နဲ့တစ်ယောက် လူချင်းမတွေ့ဖြစ်တာ ၇ နှစ်နီးပါးလောက်တောင် ရှိသွားခဲ့ပါပြီ။
ကိုချမ်း အင်္ဂလန်ကို ရောက်ပြီး သူ့ဆေးပညာနဲ့ပဲ အသက်မွေးဝမ်းကျောင်း ဆက်လုပ်နေတာကို သိရတော့ နိုင်ငံရပ်ခြားမှာ ကိုယ်တတ်မြောက်ထားတဲ့ပညာနဲ့ အသက်မွေး၀မ်းကျောင်း အလုပ်ဆက်လုပ်နိုင်ခြင်းဟာ နည်းသည့် ကုသိုလ်ကံ မဟုတ်လို့ သူ့ကို မုဒိတာ ပွားမိတယ်။
ကိုချမ်းကိုကြည့်ရင် တည်တည်ငြိမ်ငြိမ်နှင့် မျက်နှာသွင်ပြင်က ရှင်းလင်း နေတတ်တာကို သတိပြုမိတယ်။ သို့သော်လည်း သူဟာ အမှတ်တမဲ့နေတတ်သူ တစ်ယောက်မဟုတ်။ မြန်မာနိုင်ငံမှာ သူရှိစဥ်ကတည်းက လူပင် ငယ်သော်လည်း စာပေ အသိုင်းအဝိုင်းတွင် လူချစ်လူခင်များသူ၊ လူမှုဆက်ဆံရေး ကောင်းမွန်သူတစ်ဦးလည်း ဖြစ်ပါတယ်။ စာပေ၊ ရုပ်ရှင်နှင့်ဂီတ ကို စိတ်ဝင်စားသူ တစ်ယောက်ဖြစ်လို့ အကြောင်းအရာ တော်တော်များများကို သူပါဝင် ဆွေးနွေးနိုင်တာကြောင့်လည်း ဖြစ်မည်။ လူငယ်ပေမယ့်လည်း လူကြီးဆန်ဆန် တွေးခေါ်နိုင်သူတစ်ယောက်ဖြစ်တာကြောင့်လည်း ဖြစ်မည်။
သေချာတာတစ်ခုကတော့ စာပေမျိုးဆက်ကနေ ပေါက်ဖွားလာသူတစ်ယောက်မို့ အလိုအလျောက် စာပေတာဝန်ကို ယူရင်း ဆရာဝန်အလုပ်ကိုလည်း အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်နေသူ တစ်ဦးဖြစ်လို့မြင်မိပါတယ်။
အခု ပေါ့ကတ်စ် အစီအစဥ်က သူနဲ့ကျွန်တော် စကားအကြာဆုံး ပြောဖြစ်ကြခြင်းဖြစ်ပါတယ်။ ကြာရုံသာမက အကြောင်းအရာတော်တော်များများကိုလည်း ပြောဖြစ်ခဲ့ကြတာဖြစ်လို့ မှတ်မှတ်ရရ တွေ့ဆုံမှု တစ်ခုလို့လဲ ပြောမယ်ဆိုရနိုင်ပါတယ်။
ကိုချမ်းနဲ့ စကားပြောထားတာတွေကို နားထောင်ကြည့်ပါ။
ကိုတင် (The Corner)
29 May 2026
EP2_သူတို့ပြောတဲ့စကား_Sound Healing The Corner "သူတို့ပြောတဲ့စကား" Podcast အစီအစဥ်ကနေ ဒီတစ်ပတ် အသံကုထုံး - sound healing အကြောင်း တင်ဆက်လိုက်ပါတယ်။
အသံရဲ့ တုန်ခါမှုလှိုင်းတွေကတစ်ဆင့် စိတ်နဲ့ခန္ဓာကို ပြန်လည်ကုသပေးမယ့် "Sound Healing" (အသံ ကုထုံး) အစီအစဉ်မှာ ကျွန်တော်တို့နဲ့အတူ အထူးဧည့်သည်တော်အဖြစ် "Holistic Therapist - မလတ်" ကို ဖိတ်ခေါ်ထားပြီး၊ အသံလှိုင်းတွေက စိတ်ဖိစီးမှုတွေကို ဘယ်လိုလျော့ချပေးလဲဆိုတဲ့အကြောင်းကို နက်နက်ရှိုင်းရှိုင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ စိတ်အပန်းပြေစေမယ့် အသိပညာသစ်တွေကို နားဆင်ဖို့ အဆင်သင့်ပဲလားခင်ဗျာ။
ကိုတင် - Host, The Corner
28 May 2026
The Corner_Global Geopolitics Review EP1_260528 မကြာခင် ရက်ပိုင်းတွေအထိ ကမ္ဘာ့ဖြစ်ရပ်များကို စုစည်းသုံးသပ်ထားပါတယ်။ The Corner ကနေ စီစဥ်တင်ဆက်တဲ့ "နိုင်ငံတကာရေးရာ သုံးသပ်ချက်" ပေါ့ကတ်စ်အစီအစဥ်မှာ The Corner ရဲ့ Host ကိုတင်နဲ့ အတူ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူ ဆရာ ချစ်ဝင်းမောင် (ဆရာချစ်) တို့က ဆွေးနွေးထားကြပါတယ်။
ဒီတစ်ပတ် အစီအစဥ်မှာ
အမေရိကန်-အီရန် စစ်ပွဲ နောက်ဆုံးအရေး
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီး အလွန် ရလာဒ်များ နှင့်အတူ
အမေရိကန် နိုင်ငံရေး အပြောင်းအလဲ
များကို ပြည့်ပြည့်စုံစုံတင်ပြထားပါတယ်။
ဒီလို နိုင်ငံတကာ ရေးရာသုံးသပ်ချက်များကို အပတ်စဥ် တင်ဆက်သွားနိုင်အောင် ကြိုးစားနေပါတယ်။ လိုအပ်ချက်များ၊ အကြံပြုချက်များရှိရင်လည်း ရေးသားထားခဲ့နိုင်ပါတယ်။
The Corner Podcast team
25 May 2026
The Corner Podcast မိတ်ဆက် The Corner ကနေ တင်ဆက်လိုက်တဲ့ ပထမဦးဆုံး ပေါ့ကတ်စ် ကြည့်ပြီးကြပီလားခင်ဗျာ။
ဒီဗီဒီယိုလေးကတော့ The Corner ရဲ့ Podcast အစီအစဥ်သစ်ကို မိတ်ဆက်ပေးလိုတာနဲ့အတူ ပေါ့ကတ်စ်ဆိုတာကို လွယ်ကူတဲ့ ဥပမာပေးပြီး ရှင်းပြထားပါတယ်။
22 May 2026
EP1_တစ်ချိန်က မြန်မာမဂ္ဂဇင်းများ ယခုခေတ်တွင် ရှားပါးလာပြီဖြစ်သော ဆွတ်ပျံ့တမ်းတဖွယ်၊ အမှတ်တရ ဖြစ်ဖွယ်၊ ဗဟုသုတရှာမှီးကြရာ "တစ်ချိန်က မြန်မာ မဂ္ဂဇင်းများ" အကြောင်းကို စာပေ ဝါသနာရှင်နှင့် စာရေးသူ မဂ္ဂဇင်း ထုတ်ဝေသူတို့နှင့်အတူ ဤ ပေါ့ကတ်စ်တွင် ဆွေးနွေးထားကြပါသည်။
The Corner စီစဥ်သူ ကိုတင်နှင့်အတူ စာပေဝါသနာရှင် ဆရာ အောင်ကြီး (KIDD)၊ စာရေးဆရာ နှင့် မဂ္ဂဇင်းများကို စီစဥ်ခဲ့သူ ဆရာ ချစ်ဝင်းမောင်တို့ ဤ Podcast တွင် ပါဝင်ထားကြသည်။
စာပေကို ချစ်မြတ်နိုးသူများနှင့် တစ်ချိန်က မဂ္ဂဇင်းလောက အကြောင်းကို စိတ်ဝင်စားသူများ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်ပါသည်။
ဤ podcast ကဲသို့ အခြားစိတ်ဝင်စားစရာ ခေါင်းစဥ်ဆွေးနွေးခန်းများကို ကြည့်ရှုနားဆင်လို့ပါက The Corner Podcast channel ကို Like and Subscribe လုပ်ထားခြင်းဖြင့် ခေါင်းစဥ်အသစ်များ မလွတ်စေရန် လုပ်ထားနိုင်ပါသည်။
The Corner podcast team
Research this show Explore Pod Engine's podcast research tools and transcript access.
See plans Is this your podcast? Claim your show to manage its details on Pod Engine.
Claim The Corner_podcast Where this data comes from Each source has its own observation date. These dates do not mean all data was checked at once.
RSS feed Last successful check: 7 Nov 2026 .
Apple Podcasts ratings (US) Snapshot recorded: 22 Oct 2026 .
Spotify ratings Snapshot recorded: Date unavailable. Host of The Corner_podcast? Claim your podcast to manage its listing and keep your show details accurate.
Claim this podcast Pod Engine is an independent podcast discovery and analytics service and is not affiliated with or endorsed by this podcast. Artwork and show content belong to their owners. Full legal notice .
Explore this showPodcast research with Pod Engine
See plans