10 Episodes
2025 First episode About Wai's Postbox Undelivered Letters From The Red Mailbox
Publisher Wai
Category arts
Language my
Explicit No
First episode 6 Sept 2025
Latest episode 29 Mar 2026 Latest episodes 10 episodes in the feed.
29 Mar 2026
❝ကြယ်ကလေးထံ ပေးစာ❞ ၁၉၉၀ ကာလများဆီက ဆယ်ကျော်သက်အရွယ် ငယ်ဘဝအိပ်မက်တွေ....
7 Mar 2026
Ma Hnin's Home ❝ မနှင်းတို့အိမ် ❞
ပြီးခဲ့တဲ့ ရက်ပိုင်းက ရောက်ဖြစ်ခဲ့တဲ့ နယ်စပ်မြို့လေးမှာ ကြုံရဆုံရတာတွေရယ်၊ အိမ်ပြန်ဖို့ရာ ဝေးနေသေးတဲ့ အိမ်လွမ်းသူတစ်ယောက်ရဲ့
အိမ်လွမ်းနာရယ်။
31 Jan 2026
❝ ငယ်ငယ်က အိမ်နီးချင်းတွေ ❞ ငယ်ငယ်ကအိမ်အကြောင်း မှတ်စုချရေးရင်း ငယ်ဘဝကို ခဏပြန်သွားရတာ ပျော်ဖို့လည်းကောင်း၊ ဝမ်းနည်းဖို့လည်းကောင်းပါတယ်။ကိစ္စရပ်တော်တော်များများက မှတ်ဉာဏ်ထဲမှာပဲရှိတော့တာ အပြင်မှာ
မရှိနေတော့ဘူး။အိမ်အကြောင်းတွေးရင်း မှတ်မှတ်ရရ ရှိလှတဲ့ အိမ်နီးချင်းတွေအကြောင်းလည်း ပြောရမယ်။ အဲ့ဒီ ခေတ်ကာလက ကိုးကွယ်ယုံကြည်မှုတွေအကြောင်း လူနေမှုဘဝတွေရောပေါ့။ငယ်ငယ်က အိမ်နီးချင်းတွေနဲ့ ဘယ်လို အမှတ်တရတွေရှိကြလဲ၊ နတ်ကန္နား ပွဲတွေရော ကြုံဖူးကြလား။
24 Jan 2026
❝ငယ်ငယ်တုန်းက အိမ် ❞ အိမ်လို့ပြောလိုက်ရင် ဘာကို သတိတရ အောက်မေ့မိလဲ။
ဘာကို ပြေးမြင်လဲ။
အမေရိကန်မော်ဒန်ကဗျာဆရာမကြီး ဂါးထရု(ဒ်) စတိုင်းန်ရဲ့
ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်မှာ နာမည်ကြီးတဲ့ စကားတစ်ခွန်း ရှိပါတယ်။ 'There is no there there' 'အဲဒီမှာ အဲဒီမှာ မရှိတော့ဘူး' တဲ့။
ဆရာမကြီး စတိုင်းန်ဟာ သူမရဲ့မွေးရပ်ဇာတိကို နှစ်၃၀ကျော်လောက်မှပြန်ရောက်ပြီး အရာရာဟာ လုံးဝပြောင်းလဲသွားတာတွေ့လိုက်ရတယ်။
သူမ ခလေးဘဝကနေခဲ့တဲ့အိမ်ရယ် သစ်ပင်တွေရယ် ဆော့ကစားခဲ့တဲ့နေရာတွေလည်း မရှိတော့ဘူး။
သူမ တွေ့ချင်တဲ့အရာတွေ၊ လွမ်းနေခဲ့ရသမျှဆီပြန်ရောက်လာတဲ့အခါ
အဲဒီလွမ်းစရာတွေဟာ ဘာတစ်ခုမှမရှိတော့ဘူး။
လွမ်းလို့ပြန်လာခါမှ လွမ်းစရာဟာ မရှိတော့ဘူး။
သူ့ရဲ့ ဇာတိမြို့ကို ပြန်ရောက်နေပေမယ့် သူ့မြို့ မဟုတ်တော့သလိုပဲ
ဒီမြို့နဲ့ သူနဲ့ကြား နီးစပ်နွေးထွေးမှု မရှိတော့သလိုပဲ။
တွေးတွေးပြီးလွမ်းခဲ့ လွမ်းလွမ်းပြီးတွေးခဲ့တာဟာ ဘယ်မှာမှ မရှိတော့ဘူး' There is no there there ။လို့ ရင်နာနာနဲ့ မှတ်တမ်းတင်ခဲ့တာပါ။
11 Oct 2025
စကားပြောသောအိမ်ကြီး (The House That Answered Back) တိတ်ဆိတ်ပြီး သေးငယ်တဲ့ မြို့လေးတစ်မြို့ ၊ တောအုပ်ရဲ့အစွန်း၊ လူနေအိမ်တွေ အဝေးမှာ.....ဘယ်သူမှ မပက်သက်ချင်တဲ့ အိမ်တစ်လုံးရှိတယ်။ ပြတင်းပေါက်တွေကို သစ်သားပြားတွေနဲ့ ပိတ်ဆို့ထားတယ်။ နံရံတွေက အက်ပြီး ခေါင်မိုးက ပြိုပျက်နေတယ်။ သစ်ပင်ခြုံနွယ်တွေက အိမ်ကို ဖုံးလွှမ်းထားတယ်။ခပ်လှမ်းလှမ်းကကြည့်ရင် အိမ်ကို ကောင်းကောင်း မမြင်ရနိုင်ပါဘူး။ဒါပေမယ့် အဲ့အိမ်ရဲ့ ရာဇဝင်တစ်ခုကတော့ ရှင်းရှင်းလင်းလင်း ရှိတယ်။ ညအချိန်မတော် အဲဒီအိမ်နားသွားရင် စကားပြောသံကြားရတယ်တဲ့။
3 Oct 2025
ထူးဆန်းတဲ့ ကူးစက်ရောဂါ 1518 ခုနှစ် , Strasbourg မှာ ဖြစ်ပွားခဲ့တဲ့၊ ထူးဆန်းပြီး အဖြေရှာမရနိုင်တဲ့ ဖြစ်ရပ်မှန် ''Dancing plague of 1518'' အကြောင်းကို တင်ဆက်ထားတာပါ။
သာမာန်နေ့တနေ့လို လှုပ်ရှားသွားလာနေကြရင်း ပွဲတော်ကာလလည်းမဟုတ်၊ တေးဂီတသံတွေလည်း မရှိဘဲ
အမျိုးသမီး တစ်ယောက် ရုတ်တရက် ကလိုက်ရာကနေ......။
27 Sept 2025
သော့ခတ်ထားတဲ့ အခန်းထဲက ထူးဆန်းတဲ့ လူသတ်မှု တိုက်ခန်းအဆောင် တစ်ခုမှာ အခန်းတွေက ကပ်နေတော့ ဘေးအခန်းတွေက ရန်ဖြစ်သံ၊ ရယ်မောသံ၊ ငိုကြွေးသံ၊ ဆူညံသံတွေကို အတိုင်းသားကြားနေရတယ်။
အဲ့ဒီအခန်းတွေထဲ အခန်း တစ်ခန်း ကတော့ တခြားအခန်းတွေထက်ကို ပို ဆူညံတယ်။ အဲ့ဒီအခန်းမှာလူငယ် ကောင်လေး
တစ်ယောက်တည်းနေထိုင်တာ။ညဘက်ဆို သီချင်းတွေ အကျယ်ကြီး ဖွင့်တတ်တယ်၊ ဂိမ်းကို ဆူညံနေအောင် ဆော့တတ်တယ်၊
အနံ့ပြင်းတဲ့ အစားအစာတွေကို ညအချိန်မတော်မှာ လုပ်စားတတ်တယ်။
တစ်ခါတစ်လေ သူ့လိုပဲ ဆူညံတဲ့ သူငယ်ချင်းတွေ ခေါ်လာတတ်သေးတယ်။
….
ထူးထူးဆန်းဆန်း လူငယ်အခန်းက တိတ်ဆိတ်နေလို့ အဆောင်နေသူတွေ အံဩနေကြတယ်။
အဆောင်ပြောင်းသွားတာလား၊ ဒါမှမဟုတ်
ခရီးသွားနေတာလား။
တစ်ရက်။
နှစ်ရက်။
သုံးရက်။
.....
အဆောင်ပိုင်ရှင် ရောက်လာတယ်။ တိတ်ဆိတ်လွန်းနေတဲ့ ကောင်လေးအခန်းကို ဖွင့်လိုက်တယ်.....။
21 Sept 2025
ညစျေး (Night Market) ကျွန်တော်ရဲ့ ဇာတိမြို့လေးက တောင်ကြားက ခပ်ခေါင်ခေါင်နေရာလေး။
ကျနော့် မိဘတွေ အဘွားရှိရာ မြို့ဆီ ကျနော့်ကို ကျောင်းတက်ဖို့လိုက်ပို့ကြတယ်၊
အဖွားရဲ့ မြို့လေးက ဆောင်းတွင်းမှာ သိသိသာသာ အေးလာတယ်၊
ညဘက်ဆို အပြင်ထွက်တဲ့သူလည်း နည်းလာတယ်၊ မဖြစ်မနေက လွဲရင် အပြင်မထွက်ကြတော့သလိုပဲ။
ကျောင်းမှာ ကျနော့်အတန်းဖော်က တီးတိုးပြောတယ်။
ညစျေးကြီး ပေါ်လာတော့မယ်တဲ့၊ သူ့ကြည့်ရတာလည်း တခုခု ဖြစ်နေသလိုပဲ။
....
ကျောင်းမှာ အချိန်ပို စာသင်ချိန်တွေ လျှော့လိုက်တယ် ညနေ ခပ်စောစောပြန်ရတယ်၊ မိဘတွေကလည်းသူတို့ ကလေးတွေကို လာလာကြိုကြတယ်။
အရင်လို ကျောင်းဆင်းချိန် ဆော့ကစားတာတွေလည်း မရှိတော့ဘူး။
မြို့က ဘာနဲ့ တူလာလဲဆိုတော့ တခုခုကို တိတ်တိတ်လေး ခပ်သုတ်သုတ် လုပ်နေကြသလိုမျိုးပဲ။
တရက် ကျနော် ကျောင်းသွားတော့ လက်ဖက်ရည်ဆိုင်နားက အဖြတ် ....
ညစျေးကြီး အကြောင်း လူတွေ တိုးတိုး တိုးတိုးနဲ့ စကားဝိုင်းဖွဲ့နေကြတယ်။
မြို့ရဲ့ ကျဉ်းမြောင်းတဲ့လမ်းကြားတွေထဲ လမထွက်တဲ့ညတွေမှာ
ညစျေးကြီး ရုတ်တရက် ပေါ်လာမှာတဲ့။
12 Sept 2025
နောက်ဆုံးမတ်ဆေ့ချ် (The Last Message) ည ၁၂ နာရီ ထိုးကာနီးမှာ အမည်မသိ နံပါတ်တစ်ခုက ဖုန်းမြည်လာတယ်၊ အသံစာတိုတစ်စောင်ချန်ထားခဲ့တယ်။ နားထောင်လိုက်တော့ ရုတ်တရက် လန့်သွားတယ်။ဘာလို့ဆို ကိုယ့်အသံကိုယ် ပြန်ကြားလိုက်ရလို့...။အသံက ထိတ်ထိတ်လန့်လန့်နဲ့ တိုးတိုးလေး ပြောနေတာ“တံခါးမဖွင့်နဲ့။ ဘာဖြစ်ဖြစ် တံခါးမဖွင့်နဲ့။”ည သန်းခေါင်ကျော်မှာ တံခါးခေါက်သံ ကြားလိုက်ရတယ်။ရုတ်တရက် ဖုန်း ထပ်မြည်လာတယ်။ နောက်ထပ် အသံစာတိုတစ်စောင်။စောစောကအတိုင်း ကိုယ့်အသံပဲ၊ ဒီတခါ အသံက ကြောက်လန့်နေတဲ့အသံ “ အထဲမှာ ရောက်နေပြီ။ သူ့မျက်နှာကို မကြည့်နဲ့။”
6 Sept 2025
မရှိသင့်သော ဗွီဒီယိုများ (Videos That Shouldn't Exist) ကျွန်တော်အသက် ခုနစ်နှစ်မှာ ကျွန်တော့်အစ်ကို အိမ်နားက ရေကန်မှာ ဆော့ကစားရင်းနဲ့ ရေနစ်သေဆုံးခဲ့တယ်။
အဲ့ကတည်းက ခြောက်ကပ်သွားတဲ့ မိသားစုလေးဟာ
အကို့ရဲ့ အခန်းကို အမှတ်တရတွေနဲ့ ပြည့်နေတဲ့ ပြတိုက်တစ်ခုလို ပိတ်ထားခဲ့တယ်။
မိသားစုရဲ့ အဝေး တခြားနေရာသစ်တစ်ခုကို ပြောင်းရွှေ့ရမယ့်အချိန်မှာ အကို့အခန်းထဲ အမှတ်တရ တစ်ခုခု ယူဖို့
ဝင်ခဲ့တယ်။ စိတ်ဝင်စားစရာကောင်းတာ တစ်ခု ကျွန်တော်တွေ့လိုက်တယ်။
Research this show Explore Pod Engine's podcast research tools and transcript access.
See plans Is this your podcast? Claim your show to manage its details on Pod Engine.
Claim Wai's Postbox Where this data comes from Each source has its own observation date. These dates do not mean all data was checked at once.
RSS feed Last successful check: 6 Nov 2026 .
Apple Podcasts ratings (US) Snapshot recorded: 18 Oct 2026 .
Spotify ratings Snapshot recorded: Date unavailable. Host of Wai's Postbox? Claim your podcast to manage its listing and keep your show details accurate.
Claim this podcast Pod Engine is an independent podcast discovery and analytics service and is not affiliated with or endorsed by this podcast. Artwork and show content belong to their owners. Full legal notice .
Explore this showPodcast research with Pod Engine
See plans