အားလုံးပဲ မဂ်လာပါ Tech အကြောင်းကို စိတ်ဝင်စားတဲ့ ညီအစ်ကိုမောင်နှမ တို့အတွက်ဒီလိုအသံလေးတွေနဲ့ Tech နဲ့ပက်သက်တွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျ။

Podcast Overview
အားလုံးပဲ မဂ်လာပါ Tech အကြောင်းကို စိတ်ဝင်စားတဲ့ ညီအစ်ကိုမောင်နှမ တို့အတွက်ဒီလိုအသံလေးတွေနဲ့ Tech နဲ့ပက်သက်တွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျ။
Language
🇲🇾
Publishing Since
10/24/2020
1 verified contact email on file for Young Velog
Pitch yourself as a guest, propose sponsorships, or reach out directly to the host.
Recent Episodes

December 15, 2020
QR Code ဆိုတာဘယ်လိုအလုပ်လုပ်တာလဲ?
၂ စက္ကန့် ပဲလိုတယ်.......... တကယ်တော့ QR code က ကျွန်တော်တို့နေ့စဥ်လုပ်ငန်းဆောင်တာတွေမှာတကယ့်ကိုလိုအပ်ပြီးမရှိမဖြစ်တဲ့အရာဆိုလည်းမမှားပါဘူး။အရင် QR code ဆိုတာဘာလဲရှင်းပြပေးပါမယ်။ QR Code ရဲ့အရှည်ကောက်ကို Quick Response လို့ခေါ်ပါတယ်။QR Code တွေကိုကျွန်တော်တို့ငွေပေးချေတဲ့နေရာတွေ information ပေးချင်တဲ့အခါတွေ ps တွေ နဲ့ အခုလိုမျိုးကူးစက် ရောဂါတွေပျင်းထန်နေတဲ့ကာလမှာ ငွေစက္ကူတွေကိုင်စရာလိုပဲနဲ့ လွယ်ကူလျင်မြန်ရိုးရှင်းတဲ့ ဖြေရှင်းနည်းတစ်ခုပေါ့။ QR code တွေကိုစတင်မွေးဖွားလာတာကတော့ ၁၉၉၄ ခုနှစ်လောက်က ဂျပန်နိုင်ငံမှာရှိတဲ့ denso wave company ကနေစတင်တီထွင်ခဲ့တာပါ။အခုဆိုရင် QR code တွေဟာ တကမ္ဘာလုံးမှာအဆင်ပြေပြေနဲ့အသုံးပြုနိုင်နေကြပါပြီ။ QR code တွေနဲ့ ဆင်တူတာကိုထောက်ပြရရင်တော့ တနည်းအားဖြင့် UPC Universal Products Code ပုံစံပဲပေါ့။24hr store တွေက လွယ်ကူလျင်မြန်တယ်ဆိုတဲ့ ဆောင်ပုဒ်တစ်ခုမှာ ဒီလို scan ဖတ်ရတဲ့ နည်းပညာကမရှိမဖြစ်ပဲပေါ့။UPC ကတော့ ကျွန်တော်တို့နဲ့ဝေးတယ် ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝမှာအသုံးပြုဖို့သင့်တော်တာကျတော့ QR code တွေပါပဲ။ QR code ကဘာလို့အသုံးပြုဖို့သင့်တော်ရလဲဆိုတော့ သူ့နာမည်အတိုင်း QR --- Quick Response! တုံ့ပြန်မှုက တအားမြန်လို့ပါ။လူတစ်ယောက်ကိုဒီတိုင်း ပါးစပ်ကနေ လမ်းညွန်နေတာထက်စာရင် အဲ့နေရာ location QR code ကို scan ဖတ်ပြီးရှာလိုက်က အများကြီးပိုအဆင်ပြေတယ်။ QR code တစ်ခုကို scan ဖတ်ဖို့ကြာချိန်အားဖြင့် 2 sec ပဲလိုပါတယ်။အဲ့ဒီ 2 sec အတွင်းမှာက သူကကိုယ်ပို့ချင်တဲ့ Data တွေကိုအမြန်နူန်းနဲ့ လွှဲပြောင်းပေးမှာပါ။ဥပမာ - wifi ps ကိုဂဏန်း ၈လုံးလောက်ထိုင်ထည့်နေမဲ့အစား QR Code လေးဖတ်လိုက်ရင် 2 sec ထဲနဲ့ချိတ်ပြီးသားပဲ။ဒါတင်မကသေးဘူး ကိုယ်အသိက သူငယ်ချင်းတစ်ယောက်ရဲ့ဖုန်းနံပါတ်ကိုတောင်းလို့ ကိုယ်ကပါးစပ်ကရွှတ်ပြီးပြောပြနေမယ်ဆိုရင် အာညှောင်းတာပေါ့ Qr code လေးနဲ့ဆိုရင် ကိုပို့ချင်တဲ့ ဖုန်း contact ရဲ့ နာမည် ဖုန်းနံပါတ် အီးမေးလ် စတဲ့ Data တွေကို ကူးယူဖို့ QR Codeက ၂ စက္ကန့်ပဲလိုပါတယ်။ အလားတူပဲ ကိုကစျေးဆိုင်မှာငွေရှင်းဖို့ ပိုက်ဆံအိပ်ထဲက ငွေတွေတစ်ရွက်ထဲထုတ်နေမဲ့အစား ကိုယ်ရဲ့ Mobile Bank QR code ပြလိုက်မယ်ဆိုရင် ၂ စက္ကန့်ထဲနဲ့ ငွေချေပြီးသားဖြစ်သွားပြီ အချိန်မကုန်ဘူး အခုလိုရောဂါတွေနဲ့ကြောက်ရတဲ့အချိန်ဆို ပိုပြီးတော့တောင် safe size ဖြစ်သေးတယ်။ QR Code ဖြင့်ထည့်ရှင်းရှင်းပြောရရင်တော့ QR code ကနေရာတိုင်းမှာအသုံးဝင်တယ် လျင်မြန်တယ် အချိန်ကုန်သက်သာမယ် သိလားဗျာ လူတစ်ယောက်ရဲ့ အချိန်တိုတာရွှေနဲတောင် တန်ဖိုးဖြတ်လို့မရတဲ့အတွက် အမြဲတမ်းအချိန်ကိုအကျိုးရှိရှိအသုံးချနေရမယ်ဟုတ် တရုတနိုင်ငံမှာကတော့ ဘယ်နေရာပဲသွား ဘာပဲလုပ်လုပ် ဘာပဲစားစား QR code ကိုအသုံးများကြတာကို တွေ့ရတယ်။ကျွန်တော်တို့တွေလည်း Qr code ကိုပြောင်းလဲသင့်နေပြီလို့ထင်တယ် Qr code ၂စက္ကန့် ထဲပဲ..........

October 29, 2020
FaceBook မှာတင်နေတဲ့ Video တွေ Quality ကျကျနေတာဘာကြောင့်လဲ အဖြေရှာကြမယ်။
ဒီVideo ထဲမှာက ကျွန်တော်တို့ နေ့စဥ်တင်တင်နေတဲ့ FaceBook Video Resolution တွေကဘာလို့ တင်ရင်တင်တဲ့အတိုင်းကြည့်မရတာလဲဆိုတာကို အဖြေရှာကြည့်ကြမဲ့ Video လေးပါ။ ပထမဆုံးအနေနဲ့ FaceBook မှာတင်လို့ ကြည်လို့ရတဲ့ အမြင့်ဆုံး Video Quality ကတော့ 2160p ဒါမှမဟုတ် 4K ပါ။အပိုထပ်ဆောင်းပြောရရင်တော့ Video Platform တစ်ခုဖြစ်တဲ့ YouTube မှာဆိုရင်တော့ လက်ရှိအမြင့်ဆုံး Resolution ဖြစ်တဲ့ 8K အထိ Support ပေးထားပါတယ်။ ကျွန်တော်တို့ facebook မှာနေ့တိုင်း တွေ့နေရတဲ့ Video အများစုကတော့ 1080P Resolution ရှိကြပါတယ်။ဘာလို့လဲဆိုတော့ fb ရဲ့ standard video quality က 1080P ဖြစ်လို့ပါ။ 1080p resolution ကတင်ဖို့လည်းသင့်တော်တယ်။ကြည်လို့လည်း အဆင်အပြေဆုံးဖြစ်ပါတယ်။ ကျွန်တော်ထပ်ပြီးရှင်းပြပေးချင်တာက fb မှာ တချို့ Video Creater တွေက သူတို့ရဲ့ Video တွေကို fb ရဲ resolution အမြင့်ဆုံးဖြစ်တဲ့ 4k နဲ့တင်လိုက်တယ်ပဲထား ဒါပင်မဲ့ ကျွန်တော်တို့ဖုန်းနဲ့ပြန်ပြီးကြည့်လိုက်တဲ့ အခါကျတော့ resolution က 1080P တို့တခါတလေ 720P အထိတောင်ဖြစ်နေတတ်ကြပါတယ်။ ဒီလို ဖြစ်နေရတဲ့ အဓိကအကြောင်းအရင်းကတော့ နှစ်မျိုးရှိတယ်။ ပထမတစ်မျိုးက ကိုယ်ကြည့်နေတဲ့ Device ရဲ့ Display Quality ကြောင့် ဒုတိယတမျိုးကတော့ fb ကြောင့်ပါ။ ပထမတမျိုးကိုရှင်းပြရရင်တော့ ကျွန်တော်တို့ရဲ့ နေ့တိုင်း သုံးနေတဲ့ ဖုန်းတွေမှာ ရှိတဲ့ Display Quality ပါ။ဒီဖုန်းတွေရဲ့ Display Pannel မှာဆိုရင် ကျွန်တော်တို့ရှေ့ကပြောပြခဲ့တဲ့ Resolution ဆိုတာရှိကြပါတယ်။ အများစုသောဖုန်းတွေမှာတော့ 1080P ရှိတတ်ကြတယ်။ တချို့ကတော့ 720P လောက်ပဲရှိတတ်ကြပါတယ်။ ကျွန်တော်တို့ ကြည့်နေတဲ့ Video က 4k /2160p ရှိနေပင်မဲ့လည်း ကျွန်တော်တို့ကြည့်နေတဲ့ Device က Support ပေးသလောက်ပဲ ကျွန်တော်ကမြင်ရမှာဖြစ်ပါတယ်။ ကြည့်နေတဲ့ Video Quality က 2160P ရှိနေရင်တောင် 720p ပဲရှိတဲ့ ဖုန်းမှာ ဒီ Video ရဲ့ Resolution က 720P ပဲရှိမှာပါ။ ဒီလိုပဲ 1080P ပဲရှိတဲ့ ဖုန်းရဲ့ Screen ပေါ်မှာ 1080p ပဲကျွန်တော်တို့အမြင့်ဆုံးကြည့်လို့ရမှာဖြစ်ပါတယ်။ဒီနေရာမှာချွင်းချက်အနေနဲ့ပြောချင်တာက တချို့ဖုန်းတွေက 1080P Resolution ပဲရှိပင်မဲ့ တခါတလေမှာ 1440P အထိ Support ပေးနိုင်ကြတဲ့ ဖုန်းတွေလည်းရှိတတ်ကြပါတယ်။ ဒါပင်မဲ့ ဒါကတကယ့် 1440P မဟုတ်ပါဘူး။ 1080P ကိုပဲ အနည်းငယ်မြင့်အောင်လုပ်ပေးထားတာလို့ ပြောလို့ရပါတယ်။ ဒီတော့ ကျွန်တော်ပြောချင်တာက ကိုယ်တင်တဲ့ Video Quality ကိုကိုယ်ရဲ့ ဖုန်းပေါ်မှာပဲ အတည်ယူလို့မရနိုင်ပါဘူး။ကိုယ်ဖုန်းက လက်ခံနိုင်တဲ့ Video အရည်အသွေး ကိုပဲကြည့်လို့ရမှာဖြစ်ပါတယ်။ ဒုတိယ အချက်ကတော့ Video Creater တော်တော်များများ အဖြေရှာနေကြမယ်ထင်ပါတယ်။ဒါကတော့ fb ပေါ်တင်ရင် ဘာလို့ Resolution ကျကျနေတာလဲ?? ပထမဆုံးအနေနဲ့ ကိုယ်ရဲ့ Video ကိုတင်တဲ့ နေရာကနေစပြောရပါလိမ့်မယ်။fb ပေါ်ပုံတင်တာဖြစ်'' Video တင်တာဖြစ်'' အများစုသောလူတွေက သူတို့ရဲ့ကိုယ်ပိုင် ဖုန်းတွေပေါ်ကပဲတင်ကြတယ်။ ဒါပင်မဲ့ fb ပေါ်မှာ Video တွေတင်ရင် ဖုန်းထဲက fb ပေါ်မှာပဲအလွယ်တင်ရင်တော့ ဘယ်လောက်ပဲ resolution မြင့်နေမြင့်နေ 720P ဆိုတာကြီးပဲ တသတ်မတ်တည်းထွက်လာပါလိမ့်မယ်။ဘာလို့လဲဆိုရင်တော့ fb mobile version က video processing ပုံစံနဲ့ Desktop ခေါ် Laptop fb Version က video processing ပုံစံကအများကြီးကွာခြားနေလို့ပါ။ နမူနာပေးရရင် Thumbnail လိုမျိုး အရာတွေကို ကျွန်တော်တို့ mobile facebook Version ပေါ်ကနေ လုပ်လို့မရတာမျိုးပေါ့။ ဒီတော့ ကိုယ်ရဲ့ Creation ကိုတန်ဖိုးထားရင် မြတ်နိုးရင် Quality ကိုထိန်းပါ ဖုန်း Version နဲ့မတင်ပါနဲ့ Quality ကျပါတယ်။ ဒီနေရာမှတချို့ကမေးခွန်းထုတ်လာနိုင်တယ်။ငါ့မှာ Laptop မှမရှိတာဘယ်လိုလုပ်ရမလဲ ကျွန်တော်ရှေ့ကပြောခဲ့တဲ့ စကားတွေထဲမှာ Version ဆိုတဲ့အလကားခံထားတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဖုန်းထဲမှာလည်း fb ကို desktop version အသုံးပြုလို့ရပါတယ်။ကိုယ်ဖုန်းထဲမှာရှိတဲ့ Browse ထဲကို Desktop Site ပြောင်းပြီး fb login ဝင်ပြီးတင်လို့ရပါတယ်။မရတာမရှိပါဘူး မလုပ်ကြည့်သေးလို့ပါ။ ဟုတ်ပြီ ဒါဆိုရင်အဓိက အချက်ကိုပြန်သွားရအောင် high resolution တင်ရင် ပြန်ကျကျသွားရတဲ့အကြောင်းအရင်း fb မှာ 4K တင်လို့ရတယ်ဆိုပင်မဲ့ ချွင်းချက်အနေနဲ့ကတော့ တင်သမျှ 4K ကြည့်လို့မရနိုင်ပါဘူး။ Fb ရဲ့ System ကိုအကျဥ်းချူပ်ရှင်းပြရရင်တော့ min နည်းတဲ့ Video တွေနဲ့ Min များတဲ့ Video တွေကို Resolution သတ်မှတ်ပေးတဲ့ပုံစံမတူအောင်လုပ်ထားတာတွေ့ရပါတယ်။ ကျွန်တော်ဒီ ပြဿနာကို Google ခေါက်ကြည့်တော့ နိုင်ငံခြားက Video Creater တွေလည်း တော်တော် လေးဒီပြဿနာကို ကြုံတွေ့နေကြပါတယ်။သူတို့ရဲ့ Comments တွေကိုကြည့်ပြီး နမူနာအနေနဲ့ပြောရရင်တော့ fb ပေါ်မှာ 1080P resolution ရှိတဲ့ 10min အထက် Video တွေကိုတင်ရင် 720P ပဲရပါလိမ့်မယ်။ ဒါပင်မဲ့ 1080p ကိုမှ 3minကနေ 10min ကြား Video မျိုးကတော့ ဘယ်တော့ဖြစ်ဖြစ် 1080P ကိုရကြ

October 28, 2020
Oneplus Nord N Series အကြောင်းပြောကြမယ်။
ဒီ တစ်ခေါက် Podcast လေးမှာတော့ Oneplus Nord N Series လေးအကြောင်းကိုအဓိက ရှင်းလင်းပြောပေးသွားမှာပါ။ Oneplus အနေနဲ့လွန်ခဲ့တဲ့ နှစ်ရက်လောက်မှာ သူတို့ရဲ့ ပထမဆုံးသော Budget Phone Lineup ကိုကြောငြာသွားခဲ့တဲ့အကြောင်းလေးပါ။
4 total episodes available
Deep-dive analytics for Young Velog
Frequently asked questions
Have a different question and can't find the answer you're looking for? Reach out to our support team by sending us an email and we'll get back to you as soon as we can.
- What is Young Velog?
- How often does this podcast release new episodes?
This podcast updates daily.
- Where can I listen to this podcast?
This podcast is available on 4 platforms including Apple Podcasts, Spotify, and more. You can also use the RSS feed directly.
- Does this podcast accept guests?
No, this podcast does not typically feature guests.
Legal Disclaimer
Pod Engine is not affiliated with, endorsed by, or officially connected with any of the podcasts displayed on this platform. We operate independently as a podcast discovery and analytics service.
All podcast artwork, thumbnails, and content displayed on this page are the property of their respective owners and are protected by applicable copyright laws. This includes, but is not limited to, podcast cover art, episode artwork, show descriptions, episode titles, transcripts, audio snippets, and any other content originating from the podcast creators or their licensors.
We display this content under fair use principles and/or implied license for the purpose of podcast discovery, information, and commentary. We make no claim of ownership over any podcast content, artwork, or related materials shown on this platform. All trademarks, service marks, and trade names are the property of their respective owners.
While we strive to ensure all content usage is properly authorized, if you are a rights holder and believe your content is being used inappropriately or without proper authorization, please contact us immediately at hey@podengine.ai for prompt review and appropriate action, which may include content removal or proper attribution.
By accessing and using this platform, you acknowledge and agree to respect all applicable copyright laws and intellectual property rights of content owners. Any unauthorized reproduction, distribution, or commercial use of the content displayed on this platform is strictly prohibited.
