899 Episodes
13 Ratings
2022 First episode About Z-Lann Welcome to Z-Lann, your number one stop for quality audio stories, all in the Myanmar language. Find your latest local and international entertainment, educational and drama audio stories right here on Z-Lann!
Publisher Z-Lann
Category society & culture
Language my
Explicit No
First episode 31 Mar 2022
Latest episode 3 Apr 2026 Latest episodes 899 episodes in the feed.
3 Apr 2026
စင်ကြယ်တင့်တယ်သော ပန်းမြတ်ရွှေကြာ "ရွှံ့နွံထဲမှာ ရှင်သန်ပေမဲ့ ညစ်ပေခြင်းမရှိဘဲ စင်ကြယ်ခြင်း" ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်တဲ့ အခါမှာ ရှေးလူကြီးတွေက “ကြာပန်း ” ကိုပဲ ညွှန်းဆိုလေ့ရှိကြပါတယ်။ ဗုဒ္ဓဘာသာမှာ ဉာဏ်အလင်း ရခြင်းရဲ့ ပြယုဒ်ဖြစ်သလို တရုတ်ယဉ်ကျေးမှုမှာလည်း “ဟော်ဟွား” လို့ခေါ်တဲ့ ဒီကြာပန်းဟာ မြင့်မြတ်ခြင်းရဲ့ အထွတ်အထိပ်မှာ တည်ရှိနေတာပါ။
ဒီနေ့ ဇာတ်လမ်း Z-Lann ရဲ့ “ရာသီမသိပန်းနဲ့ညှိ” ဆိုတဲ့အစီအစဉ်လေးကနေ ကြာပန်းလေးတွေရဲ့ အံ့မခန်းရှင်သန်နိုင်စွမ်းတွေနဲ့အတူ နောက်ကွယ်က အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
#ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #စင်ကြယ်တင့်တယ်သောပန်းမြတ်ရွှေကြာ #ကြာပန်း #荷花 #hehua #flower #lotus #waterlily
18 Mar 2026
နွေဦးအချစ်ပန်း မက်မွန်ခင်းလမ်း နွေဦးရဲ့ သင်္ကေတ၊ အချစ်နဲ့ ကံကောင်းခြင်းတွေရဲ့ ပြယုဂ်ဖြစ်တဲ့ 'မက်မွန်ပန်း' (Peach Blossom) လေးတွေဟာ တရုတ်ရိုးရာ ယဉ်ကျေးမှုမှာတင်မကဘဲ တစ်ကမ္ဘာလုံးက မြတ်နိုးတန်ဖိုးထားရတဲ့ ဂန္ထဝင်ပန်းလေးတွေပဲ ဖြစ်ပါတယ်။
တရုတ်ဘာသာနဲ့ 'ထောင်ဟွား' လို့ ခေါ်ဆိုပြီး နွေဦးကာလ တစ်လောကလုံးကို ပန်းရောင်တိမ်တိုက်တွေ ဖုံးလွှမ်းသွားသလို ဝေဝေဆာဆာ ပွင့်လန်းတတ်ကြပါတယ်။
ဒီနေ့မှာတော့ ပန်းချီဆရာကြီး ချီပိုင်ဆွန်ရဲ့ လက်ရာတွေထဲမှာ ရှင်သန်နေတဲ့ 'မက်မွန်ပန်း' တို့ရဲ့ အကြောင်းကို ဇာတ်လမ်း Z-Lann ရဲ့ 'ရာသီမသိ ပန်းနဲ့ညှိ' အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။"
#ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #နွေဦးအချစ်ပန်းမက်မွန်ခင်းလမ်း #မက်မွန်ပန်း #ထောင်ဟွား #peachblossom #taohua
16 Mar 2026
မွှေးထုံသင်းပျံ့ ရင်းမာရနံ့ လေယူရာပါလာရင် တစ်တောလုံးအနှံ့ကို မွှေးကြိုင်စေပြီး တော်သလင်းလရဲ့ လှေပြိုင်ပွဲကျင်းပတဲ့ ရာသီချိန်ခါကို အလှဆင်ပေးတဲ့ 'ရင်းမာပန်း' လေးတွေဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ သမိုင်းမှာ အလွန်တန်ဖိုးကြီးလှတဲ့ ပန်းလေးတွေပဲ ဖြစ်ပါတယ်။
ကင်းဝန်မင်းကြီးနဲ့ ဖိုးသူတော်ဦးမင်းတို့ရဲ့ ကဗျာစာသားတွေထဲမှာ 'ရွှေယင်းတဲ့ မာငုံ' လို့ တင်စားခံခဲ့ရတဲ့ ဒီပန်းလေးတွေဟာ ထူးခြားတဲ့ အဖြူစိမ်းရောင် ခရင်မ်ပုံစံ ပွင့်ချပ်လေးတွေနဲ့အတူ စွဲမက်ဖွယ်ကောင်းတဲ့ ရနံ့ကို ပိုင်ဆိုင်ထားပါတယ်။ အဆင်းလှရုံတင်မကဘဲ ရင်းမာပင်ရဲ့ အခေါက်ဟာ ဝမ်းပျက်ဝမ်းလျှောရောဂါကနေ အရေပြားရောဂါတွေအထိ ကုသနိုင်တဲ့ အဖိုးတန် 'ဆေးဖက်ဝင် အာယုဗ္ဗေဒ' သဘာဝဆေးတစ်လက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ခိုင်မာလှပတဲ့ အသားကြောင့် ပရိဘောဂတွေသာမက ဂီတာ၊ ပတ္တလားနဲ့ စန္ဒယားလို တူရိယာပစ္စည်းတွေအထိ အသုံးပြုရတဲ့ ကမ္ဘာ့ဈေးကွက်ဝင် အဖိုးတန်သစ်မာတစ်မျိုးလည်း ဖြစ်ပါတယ်။
ဒီနေ့မှာတော့ ပတ်ဝန်းကျင်ကို မွှေးရနံ့နဲ့ စိမ်းလန်းစိုပြည်စေရုံတင်မက လက်မှုပညာရှင်တွေနဲ့ ဆေးပညာရှင်တွေပါ တန်ဖိုးထားရတဲ့ 'ရင်းမာပန်း' တို့ရဲ့ အကြောင်းကို ဇာတ်လမ်း Z-Lann ရဲ့ 'ရာသီမသိ ပန်းနဲ့ညှိ' အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပဲဖြစ်လို့ ဝင်ရောက်ကြည့်ရှု့နိုင်ပါပြီ။
Reach and audience Public platform figures. Ratings count people who left a rating, not total listeners.
Apple Podcasts (US) 5.0 / 5 3 ratings
Spotify 5.0 / 5 10 ratings Research this show Explore Pod Engine's podcast research tools and transcript access.
See plans Is this your podcast? Claim your show to manage its details on Pod Engine.
Claim Z-Lann Where this data comes from Each source has its own observation date. These dates do not mean all data was checked at once.
RSS feed Last successful check: 24 Oct 2026 .
Apple Podcasts ratings (US) Snapshot recorded: 19 Oct 2026 .
Spotify ratings Snapshot recorded: 17 Oct 2026 . Host of Z-Lann? Claim your podcast to manage its listing and keep your show details accurate.
Claim this podcast Pod Engine is an independent podcast discovery and analytics service and is not affiliated with or endorsed by this podcast. Artwork and show content belong to their owners. Full legal notice .
Explore this showPodcast research with Pod Engine
See plans